Chapter-4.1

1.3K 155 1
                                    

အခန်း (၄) (က)

မနေ့ညက မူယန်သည် သူတို့အား စစ်ယွီမှ မန်းရှင်းထားသော @ကို တွေ့ခဲ့ရသည်။ ထို့နောက် သူသည် သူမ၏ ဝေ့ပေါ်အကောင့်အား ရှာပြီးနောက် ထို ကာတွန်းရုပ်ပြောင်မန်ဟွ‌ာ <<ဖက်ရှင်လောက၏ အခက်အခဲများ>>ကို တွေ့ခဲ့ရ၏။

မူယန်သည် နာမည်ကြီး မန်ဟွာမဂ္ဂဇင်းတစ်ခု၏ ဒုအက်ဒီ‌တာခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်။ ထို့နောက် သူမသည် လစာမြင့်မြင့်ပေးသည့် အခုမှစတင်ခါစ 'ချွီမန်' ဆီသို့ အက်ဒီတာခေါင်းဆောင်အဖြစ် ပြောင်းလာခဲ့သည်။ ပုံမှန်ဆိုလျှင် စာရေးသူအသစ်များ စုဆောင်းခြင်းသည် သူမလုပ်ပိုင်ခွင့် မဟုတ်ပေ။ သို့သော် မနေ့က သူမသည် စစ်ယွီဆွဲထားသော မန်ဟွာအား တစ်ချက်ဖတ်ကြည့်လိုက်မိ၏။ ချက်ချင်းပင် သူမစိတ်ထဲတွင် အတိတ်နမိတ်တစ်ခု ပြလာသလိုပင်။

ဒီလူက အနာဂတ်မှာ သေချာပေါက် နာမည်ကြီးလာလိမ့်မယ်!

"ခိုအီ" ဟု နာမည်ရသော ဒီစာရေးသူလေးသည် အရင်က တစ်ပုဒ်မှ မဆွဲဖူးသော်လည်း သူမ၏ပုံဆွဲသည့်စတိုင်မှာ ရင့်ကျက်ပြီး စိတ်ကူးစိတ်သန်းလည်း ကောင်းမွန်လှသည်။ ဇာတ်လမ်း၏ ရှေ့ပြေးကလည်း စာဖတ်သူအကြိုက်နှင့် ကိုက်ပေသည်။ ထိုအေးစက်ပြီး ချော့မြှူနေသော ဇာတ်ကွက်က လူများအား ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်နေပေသည်။ ထို့ကြောင့်ပင် ခိုအီသည် လက်သစ်လေးမဟုတ်မှန်း သိနိုင်ပေသည်။

မူယန်သည် သံသယမရှိဘဲ မနေနိုင်ပေ။ ကျွမ်းကျင်သူတစ်ယောက်က အကောင့်တုလေးဖွင့်ပြီး ရေကိုစမ်းသပ်ချင်နေတာလား။ သို့သော် သူမ သိသလောက်ဆိုရင် ဘယ်စာရေးသူကမှ ဒီလို ကာတွန်းရုပ်ပြောင် ကောမစ်အသေးလေးတွေကို ဒီလို ခပ်တိုတိုနဲ့ လေးစားစရာကောင်းလောက်အောင် မဆွဲနိုင်ကြဘူးလေ အား...

သူမ စိတ်ထဲ သိပ်မသေချာသေးသော်လည်း မူယန်သည် ချက်ချင်းပင် စစ်ယွီအား ‌ငြိမ်းချမ်းရေးပြယုဂ်တစ်ခုပြခဲ့ပြီး သူမသည် စနောက်နေခြင်းသာဖြစ်သည်။ ယခုလက်ရှိ 'ချွီမန်' သည် အရည်အချင်းရှိ လက်သစ်များစွာ လိုအပ်နေပြီး ဒီ ခိုအီ၏ အရည်အသွေးမှာ ပြောစရာပင်မလိုပေ။ နာမည်ကြီးတရားဝင်အကောင့်ကြီးတွေ မျှဝေသွားတာ မတွေ့ဘူးလား။ တကယ်လို့ သူမရဲ့ပြိုင်ဘက်တွေကသာ ဒီလူကိုရသွားရင် သူမမှာ အော်ငိုဖို့တောင် နေရာရှိမှာ မဟုတ်ဘူး။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Donde viven las historias. Descúbrelo ahora