Chapter-11.2

908 103 0
                                    

အခန်း (၁၁) (ခ)

"ယွမ် သန်းနှစ်ဆယ် ဟုတ်လား ။ ငါက အဲ့ပိုက်ဆံတွေ ဘယ်က သွားရှာလာရမှာလဲ" စစ်ယွီတုန်လှုပ်စွာ ပြောလိုက်၏။ သူ့စာချုပ်ကို အစအဆုံး ပြန်ဖတ်ပြီးနောက် သူမမှာ ပြောစရာစကား မရှိအောင် ဖြစ်သွားရသည်။ စာချုပ်မချုပ်ခင်တုန်းက သေချာ မကြည့်လိုက်မိသောကြောင့် ဤစာချုပ်က သူမအတွက် မရဏထောင်ချောက် ဖြစ်နေသည်ကို မသိလိုက်ပေ။ ဒီလိုအလှည့်အပြောင်းတွေ ဖြစ်လာသည်ကို စစ်ယွီမှာ မယုံနိုင်အောင်ဖြစ်နေသည် ။ သေချာစဉ်းစားပြီးနောက် သူမသည် ယွီလင်းအား ဖုန်းခေါ်လိုက်၏။ ပိုင်ပိုင့်ကိုကယ်ခဲ့သောကြောင့် သူမအပေါ်ထားသည့် ယွီလင်း၏ သဘောထားမှာ ပြောင်းလဲလာခဲ့သည်။ ယွမ် သန်းနှစ်ဆယ် ‌အကြောင်းကြားသောအခါ "ယွမ် သန်းနှစ်ဆယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘာအကြောင်းပြချက်မှ မရှိဘဲ မင်းက စာချုပ်ချိုးဖောက်တယ်လို့‌ ပြောနေရတာလဲ" ဟု ယွီလင်းက ပြောလိုက်သည်။

ဒီလောကမှာ ကျင်လည်သည်မှာ နောကျေနေပြီဖြစ်သည့်အတွက် သည်ကိစ္စဟာ တစ်ခုခု မှားနေကြောင်း ယွီလင်းသိလိုက်ပြီဖြစ်သည်။ စစ်ယွီကို နှစ်သိမ့်ပေးပြီး ဘာဖြစ်နေလဲ သိရအောင် စုံစမ်းလိုက်သည်။

"စစ်ယွီ၊ ငါ့သူငယ်ချင်းတစ်ယောက်ကို မေးထားတယ်။ သူပြောပုံအရဆိုရင် မင်းကိုဖိအားပေးပြီး ဒီလိုလုပ်တဲ့ပုံပဲ။"

စစ်ယွီသည် ကျန်းမာရေးမကောင်းသောသူဖြစ်သောကြောင့် အိမ်မှာပဲနေကာ တစ်ချိန်လုံး အနားယူနေရသူဖြစ်သည်။ နောက်ဆုံးရိုက်ထားသော မျက်နှာဖုံးပုံ အလုပ်မှ လွဲ၍ မည်သည့်အလုပ်မျှမရှိပေ။ ဘယ်သူက သူ့ကိုဤကဲ့သို့ ချောက်တွန်းသည်ကို ယွီလင်းတစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေရသည်။ "သေချာစဉ်းစားပါဦး။ မင်းကို ဒီလိုလုပ်တာ ဘယ်သူလို့ထင်လဲ။ဘာ့ကြောင့်လဲ" ယွီလင်းသည် ကြိတ်မနိုင်ခဲမရ မေးလိုက်မိ၏။

အနုပညာလောကသည်လည်း တခြားလောကများကဲ့သို့ အဆက်အသွယ်များစွာ ရှိပေသည်။ ယွီလင်းသူငယ်ချင်းက ဘယ်သူခိုင်းတာဟု မပြောသော်လည်း ဘယ်သူလုပ်ခိုင်းသည်ကို ခန့်မှန်းနိုင်သည်။ ကျန်းမြို့က ‌အကောင်ကြီးကြီး တစ်ယောက်ဖြစ်ရမည်ဟု ယွီလင်းစဉ်းစားမိ၏။ စစ်ယွီလည်း သိပေသည်။ သူမကို ဒီလိုဖြစ်အောင်လုပ်သူမှာ သူမ၏ မွေးသမိခင်ပင် ဖြစ်မည်။ သူမအမေကလွဲရင် သူမကို ဒီလိုလုပ်မည့်သူမရှိပေ။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now