Ch-1.1

3.2K 210 5
                                    

အခန်း (၁) (က)

မနက် နှစ်နာရီခွဲတွင် စစ်ယွီသည် အညောင်းဆန့်လိုက်ကာ တင်းနေသော အကြောများအား ဖြေလျော့လိုက်ပြီး save ခလုတ်ကို နှိပ်ကာ သူမ၏လက်ရေးစာမူအား မန်ဟွာအက်ဒီတာထံ ပို့လိုက်သည်။

အားလုံးပြီးသွားသည့်နောက် သူမသည် အိပ်ချင်နေသော မျက်လုံးများကိုပွတ်ကာ သမ်းလိုက်ပြီး ထုံးစံအတိုင်းလိုပင် စာဖတ်သူလေးများ၏ မှတ်ချက်များကိုကြည့်ရန် ဝဘ်ဆိုဒ်ထဲသို့ ဝင်လိုက်သည်။

စစ်ယွီသည် အလွတ်တန်း ဝဘ်တွန်းရေးဆွဲသူဖြစ်သည်။ သူမသည် ခွေးသွေးဇာတ်လမ်းများကို အလွန်နှစ်ခြိုက်သူဖြစ်၏။ သူမ၏ လက်ရာများမှာ ဒီပုံစံများပင်ဖြစ်ပြီး အမျိုးမျိုးသော သစ္စာဖောက်မှုများနှင့် စိတ်ပျက်စရာ အဆုံးမရှိပေ။ ခွေးသွေးဒရာမာများသည် အသစ်အဆန်းမဟုတ်သော်ငြား စစ်ယွီသည် စာဖတ်သူများအား အရမ်းအိုဟောင်းနေပေမဲ့ ထပ်ပြီးဖတ်ချင်နေသေးတယ်ဆိုသည့် မှတ်ချက်များတက်လာစေရန် လုပ်ဆောင်နိုင်သည့် အစွမ်းအစရှိပေသည်။

ဤ "စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်ရေး" ဟူသည့်မန်ဟွ အသစ်သည်လည်း သူမ၏ ပင်ကိုယ်စတိုင်အတိုင်း ခွေးသွေးအပြည့်ပင်။ သူမ၏ မှတ်ချက်ရေးသည့်နေရာတွင် လူများ ကြိတ်ကြိတ်တိုးနေကြသော်လည်း ထင်မထားစွာပင် ပရိသတ်များသည် ဇာတ်လိုက်နှစ်ယောက်၏ အချစ်ရေးတိုးတက်မှုအား စိတ်မဝင်စားကြပေ။ ထူးထူးခြားခြား သူတို့သည် မထင်မရှား ဇာတ်ပို့ဇာတ်ကောင်လေးဖြစ်သော ဇာတ်လိုက်၏ မအေတူဖအေကွဲအစ်မ ကျိုးစစ်ယွီအား စိတ်ဝင်စားနေကြ၏။

သူမသည် ထိုဇာတ်ပို့ အမျိုးသမီးဇာတ်ကောင်အား ဖန်တီးစဉ်အခါက သာမန်ကာလျှံကာပင် သူမ၏ နာမည်အရင်းကိုသာ ကောက်ထည့်လိုက်သည်။ ထို့အပြင် သူမသည် ထိုဇာတ်ပို့လေး၏ အခြေအနေအား အသေးစိတ် ရေးပေးထားသေးသည်။ ဥပမာ သူမသည် ကလေးဘဝကတည်းက အားနည်းကာ နေမကောင်းပေ၊ ခြေလှမ်းလေး နည်းနည်းလှမ်းလိုက်တာနဲ့ သွေးအန်သည်၊ စသည်ဖြင့်ပင်။ သူမသည် ဇာတ်ပို့အမျိုးသမီးလေးအား ဖျားနာနေသော ကျိုးပဲ့လွယ်သည့် အလှလေးအဖြစ် ပြတ်ပြတ်သားသား သရုပ်ဖော်ထားလေသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now