Chapter-11.3

1.1K 127 2
                                    

အခန်း (၁၁) (ဂ)

"ဘာမှစိတ်မပူပါနဲ့။ ဟွမ်းယီသာ မင်းနဲ့ဆက်ပြီး စာချုပ်ချုပ်ချင်နေသေးရင် ပြဿနာဖြစ်လာမှာ မဟုတ်ပါဘူး။ လုမိသားစုရဲ့ မျက်စိအောက်မှာတော့ မင်းကို ဆန့်ကျင်မယ့်သူမရှိလောက်ဘူးလို့ ငါယုံတယ်။ ဒါနဲ့လေ ဟွမ်းယီက အနုပညာကုမ္ပဏီတွေ အများကြီးဝယ်ထားတယ်။ အဲတာတွေကို မနက်ဖြန်တွေ့ဆုံပွဲမှာ လူထုကို ချပြလိမ့်မယ်။ ပွဲလုပ်ပြီး မင်းသား၊ မင်းသမီးအသစ်တွေကိုလည်း ကြိုဆိုကြလိမ့်မယ်။ ဟွမ်းယီရဲ့ ဥက္ကဌအသစ်လည်း လာလိမ့်မယ်။ မင်းငါနဲ့လိုက်ခဲ့ပြီး ဟွမ်းယီနဲ့ ရှေ့ဆက်သင့် မဆက်သင့် သွားကြည့်ရအောင်။" ဟု ယွီလင်းက ပြောလိုက်သည်။

ထို့နောက် သူမအသံကို နှိမ့်လိုက်ပြီး "ဥက္ကဌအသစ်က ရုန်ချန်မျိုးနွယ်စုရဲ့ လုမိသားစုကပဲ။ ဒါကြောင့် သူ့‌နေရာက အရေးပါတယ်။ ငါကြားတာတော့ သူက တော်တော်လေး ငယ်သေးတယ်တဲ့။ မင်းအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး။" စစ်ယွီသည် တစ်ခုခုကို ပြောချင်နေပေမယ့် ပြောမထွက်လာခဲ့ပေ။ ယွီလင်းသည် မပြောခင် စဉ်းစားသင့်သည်ဟု ထင်မိသည်။

"ယွီလင်းက သူ့ကို ဥက္ကဌအသစ်ကို ဆွဲဆောင်စေချင်တာလား။ ဒီလို ပျော့ဖတ်ဖတ်နဲ့ နေမကောင်းတဲ့ မိန်းမကို ဘယ်သူက စိတ်ဝင်စားမှာလဲ။ စဉ်းစားကြည့်စမ်းပါဦး။" ဟု စစ်ယွီတစ်ယောက် တွေးနေသည်။

ထိုအချိန်မှာပဲ စစ်ယွီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အခေါက်ခေါက်အခါခါ ဖတ်နေသောသူတစ်ယောက်လည်း ရှိပေသည်။ ထိုသူမှာ ဟွမ်းယီ၏ ဥက္ကဌအသစ် လုရှင်းကျိုး ဖြစ်ပေသည်။ လုမိသားစု၏ သတင်းအချက်အလက်နှင့် အဆက်အသွယ်မှာ ကျယ်ပြောလွန်းလှသည်။ ချက်ချင်းဆိုသလိုပင် လုရှင်းကျိုးသည် စစ်ယွီ၏ အဖြစ်ကို သိရှိသွားခဲ့သည်။

"သူ့ကို ဟွမ်းယီနဲ့ စာချုပ်ချုပ်ခိုင်းလိုက်ပါ။ ဒီအတိုင်း အပိုတစ်ယောက်အဖြစ် သဘောထားလိုက်။ သူ့ကြောင့် ပိုက်ဆံရဖို့လည်း မမျှော်လင့်ပါဘူး။ သူ့ကို ခန့်ထားလိုက်ပါ။ ငါ ဒီအကြောင်းကို ပဉ္စမသခင်ဆီမှာ အစီရင်ခံလိုက်မယ်။"

သူသည် စစ်ယွီအတွက် စနစ်တကျ စီစဉ်ပေးလိုက်သည်။ ဒီလိုဆိုရင် သူမကလည်း သူ့ကို မျက်နှာသာပေးပေလိမ့်မည်။ ဒီလိုမှ မဟုတ်ရင် ဒီမော်ဒယ်လေးရဲ့ လက်ရှိအခြေအနေနဲ့ ဟွမ်းယီက အာရုံစူးစိုက်ခံရဖို့ မဖြစ်နိုင်ပေ။ ကျိုးစစ်ယွီဆိုတဲ့ မိန်းကလေးကတော့ တကယ်ကံကောင်းတာပဲဟု သူ တွေးလိုက်သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now