Chapter-14.2

1K 125 2
                                    

အခန်း (၁၄) (ခ)

လုရှင်းကျိုးသည် အစကတော့ လုမိသားစု၏ ကြည်ညိုလေးစားဖွယ်ရာ ဗုဒ္ဓကြီးအား စိတ်အားထက်သန်စွာ အဖော်ပြုပေးပြီး လက်ဖက်ရည်နှပ်ဖို့ ရေနွေးတည်နေခဲ့သည်။ အချိန်ခဏကြာအောင် စောင့်ပြီးနောက် သူသည် မမေးဘဲ မနေနိုင်တော့ပေ။ "ပဉ္စမသခင်၊ အထဲကို မဝင်တော့ဘူးလား။"

ပဉ္စမသခင်လုသည် ခေါင်းငုံ့ထားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဆူညံလွန်းတယ်။"

ခင်ဗျားပဲ လာဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား... လုရှင်းကျိုးမှာ ထိုစကားကို နှလုံးသားထဲမှာသာ ပြောရဲတာဖြစ်ပြီး သူ ပြန်ပြောလိုက်၏။ "ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော်လည်း ဒီလိုအခြေအနေမျိုးကို သိပ်မကြိုက်ဘူး။ ပြောရမယ်ဆိုရင် အရင်တစ်ခေါက် ကားတိုက်မှုအက်စီးဒန့် ဖြစ်တဲ့ကိစ္စမှာ တစ်ခုခုသိလိုက်ရတယ်။ ကျွန်တော်သာမှန်တယ်ဆို အဲ့ဒီဆေးစွဲနေတဲ့ ဒရိုင်ဘာက လုမိသားစုအခွဲထဲက လူတစ်ယောက်ပဲ။ အဲ့ဒီလူက အရင်တုန်းကလည်း အမှားကျူးလွန်ခဲ့ဖူးပြီးတော့ အချိန်တစ်ခုအထိ အဖေ အပြစ်ပေးတာခံခဲ့ရတာ။ သူက အဲ့ဒါကို မကျေနပ်ဘူး၊ ဒါကြောင့်မို့ ကျွန်တော့်ကို လုပ်ကြံဖို့ စဉ်းစားတာ။"

ပဉ္စမသခင်လုသည် ထိုကဲ့သို့သော အသေးအမွှားလေးများကို ဂရုစိုက်ပုံမပေါ်ဘဲ ပုံမှန်သာ ပြောလိုက်သည်။ "လုမိသားစုက အမှိုက်တွေကို မပျိုးထောင်ဘူး။ မင်းဘာလုပ်လုပ် ကိစ္စမရှိဘူး၊ မင်းကြိုက်သလို ဖြေရှင်းလိုက်။"

သူသည် စိတ်မဝင်စားစွာ ပြောနေသော်လည်း လုရှင်းကျိုးမှာ ထိုစကားလုံးများ၏အောက်တွင် ဝှက်ထားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ကြားနိုင်ပေသည်။ သူ့ခန္ဓာကိုယ်လေးမှာ မတုန်ယင်ဘဲ မနေနိုင်တော့ဘဲ တလေးတစား ပြန်ပြောလိုက်သည်။ "ပဉ္စမသခင်၊ စိတ်မပူပါနဲ့။ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။"

လုရှင်းကျိုးမှာ သူ့အဖြေကို ပြောပြီးနောက်တွင် အခြားပြောစရာ စာကြောင်းတစ်ခုကို စဉ်းစားဖို့ သူ့ဦးနှောက်ကို ညှစ်ထုတ်နေခဲ့၏။ ရုတ်​တရတ်ဆိုသလို သူသည် သိပ်မ​ဝေး​သော​နေရာမှ ပင့်သက်ရှိုက်သံတစ်​ခု ထွက်လာသည်ကို ကြားလိုက်​ရသည်​။ လုရှင်းကျိုးသည် ချက်ချင်း ခေါင်းမော့ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "အဲဒီမှာ ဘယ်သူလဲ။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now