Chapter-6.2

1.3K 177 2
                                    

အခန်း (၆) (ခ)

[နံရံပေါ်က ငယ်ရွယ်တဲ့ပန်းလေး]: ဝှက်သယ်ဖတ်၊ ငါကြည့်နေရင်းတောင် ဆံပင်တွေထောင်တယ်။ ဒီကားက ရုတ်တရတ်ကြီး ကန့်လန့်ဖြတ်သွားတာ။ ငါဘာမှမပြောနိုင်သေးခင်ဘဲ ဒီရှောင်ကျဲကျဲက ချက်ချင်းပြေးသွားတယ်၊ သူမက အရမ်းသတ္တိရှိတာပဲ။ ငါသာဆိုရင် အကူအညီပဲ အော်ခေါ်မိမှာ QAQ

[ငါဒီနေ့ ပိုပိန်သွားလား]: ရှောင်ကျဲကျဲက ကလေးမလေးကို သူမလက်မောင်းထဲထည့်ပြီး လှိမ့်သွားတုန်းက ကလေးရဲ့မျက်လုံးတွေကို ကာပေးထားတယ်ဆိုတာ သတိထားမိကြလား။ ကလေးမလေး ကြောက်သွားမှာကို သူမက စိတ်ပူနေတာလား။ ဘယ်လောက်တောင် တွေးပေးတတ်တာလဲ၊ အားး... ဒီလောက် အန္တရာယ်ရှိနေတဲ့ အခြေအနေမှာတောင်မှ ကလေးအတွက် တွေးပေးနေတုန်းပဲ။

[ကြက်ပေါင်နှစ်ချောင်း]: ဝူး ဝူးး... သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး နှစ်သိမ့်ပေးနေကြတာ အရမ်းလှပလွန်းတယ်။ သူတို့နှစ်ယောက်က နတ်သမီးလေးတွေပဲ... နတ်သမီးလေးတွေ...

[ဗုဒ္ဓဘာသာဝင် ကြယ်ပွင့်နောက်လိုက်သူ မင်းသမီးလေး]: ရှောင်ကျဲကျဲက ကြောက်စရာကောင်းလောက်အောင် သွေးအန်ခဲ့တာပဲ။ သူမကျောက တိုက်မိလို့များ အတွင်းဒဏ်ရာရသွားတာလား။ အဲ့ဒါ အရမ်းနာမယ့်ပုံပဲ အာ...

[ပဲနို့ပေါင်မုန့်]: ဆယ်မိနစ်အတွင်းမှာ ရှောင်ကျဲကျဲကို ခေါ်သွားတဲ့ဆေးရုံက ဘယ်ဆေးရုံလဲဆိုတာ ငါသိချင်တယ်။ ငါ ပန်းစည်းတွေ အဆင်သင့်ပြင်ပြီးသွားပြီ၊ ငါ ဒီနတ်သမီးလေးကို သွားတွေ့ချင်တယ်။

ဗီဒီယိုသည် မထင်မှတ်ထားလောက်သည့် အရှိန်ဖြင့် ပျံ့နှံ့သွားခဲ့၏။ အချိန်တိုလေးအတွင်းမှာပင် "ကားအောက်ကနေ လူတစ်ယောက်ကို ကယ်ခဲ့တဲ့ နတ်သမီးလေး" ဆိုသည့် ခေါင်းစဥ်သည် ထိပ်ဆုံးရှာဖွေမှုစာရင်းထဲ ရောက်လာခဲ့သည်။ ထိုနေရာတွင် ရှိနေခဲ့သော လူတစ်ယောက်က ထွက်လာပြီး စစ်ယွီသည် ကလေးကို ကယ်တင်ပြီးနောက်တွင် ထိခိုက်ဒဏ်ရာရရှိသွားပုံရတယ်ဟု ပြောလာခဲ့သည်။ သူမသည် မူးလဲသွားပြီး ဆေးရုံသို့ ပို့လိုက်ရ၏။ ဤမှတ်ချက်ကြောင့် မိဘပြည်သူများသည် စစ်ယွီတစ်ယောက် ဗီဒီယိုထဲတွင် မထိန်းချုပ်နိုင်ဘဲ သွေးအန်နေသည့် သနားစရာမြင်ကွင်းအား သတိရသွားစေခဲ့ကာ ဂရုဏာသက်သည့်စိတ်များ အဆက်မပြတ် ဖြစ်ပေါ်လာစေခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း حيث تعيش القصص. اكتشف الآن