Attention

1.9K 56 14
                                    

ဒါလေး Paid Gp မှာ စဆုံး ရပါပြီနော်။

ဒါနဲ့ စကားမစပ် တို့ ကြော်ငြာဝင်ဦးမယ်နော်။ တို့ရဲ့ စာစဉ်အသစ်လေးကို သိတယ်မလား။

ဝန်ကြီးချုပ်ရဲ့ ရတနာလေးလေ။ Gp-1 ပြီးသွားပြီနော်။ အပ်ဒိတ်ကလည်း မြန်သလားမမေးနဲ့။ သွက်သွက်လေး သွားပေးမှာပါနော်။

အဲ့စာစဉ်လေးက တို့ချင်းဟယ်လေးလိုပဲ မိသားစုပုံစံမျိုးလေး  MC က အရင်ဘဝမှာတုန်းက စိုက်ပျိုးပညာရှင် သူ့မှာ နေရာလွတ်လေး ပါလာတယ်၊ အဲ့တာအပြင် သူမော်ဒန်ခေတ်မှာရှိတုန်းက ကူးပြောင်းသွားတဲ့စာစဉ်တွေ ခေတ်စားတဲ့အချိန် ရှိဖူးတယ်တဲ့။ အဲ့တာနဲ့ ခရီးသွားစွယ်စုံကျမ်းဆိုပြီး ရှေးခေတ်မှာ လိုအပ်မယ့် နည်းလမ်းတွေက စုစည်းထားတဲ့ စာအုပ်တောင် ထွက်ရှိခဲ့သေးတယ်။ အဲ့ဒီစာအုပ်ကို သူ့ညီမဝမ်းကွဲလေးက စစနောက်နောက်နဲ့ MC ကို လက်ဆောင်ပေးဖူးတယ်။ MC ကလည်း အဲ့စာအုပ်ကို သူ့နေရာလွတ်ထဲမှာ ဒီအတိုင်း ပစ်ထားခဲ့တာ ကံကောင်းလို့ သူကူးပြောင်းလာရော အဲ့စာအုပ်လေး ပါလာခဲ့တယ်။ အဲ့ထဲက နည်းပညာတွေကို သူ တစ်ခါ ထုတ်ယူတိုင်း အဲဒီခေတ်မှာ သေသွားတဲ့ သူ့ဆရာ တာအိုဘုန်းတော်ကြီးကို ဆွဲဆွဲထည့်တာလေးက ဟာသမြောက်သလို၊ သူ့ရဲ့ အိမ်မွေးတိရိစ္ဆာန်ငန်းနက်ကြီးဖြစ်တဲ့ ဒမ်ဘီကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒမ်ဘီက အရမ်းအားကိုးရသလို သူ့မှာ မောင်းမဆောင်ကြီးပါ ရှိပါသတဲ့။ သူ့မောင်းမဆောင်နဲ့ သူ့သခင်မရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ကင်းလှည့်ပေးပါသေးတယ်၊ ဘယ်လောက်တောင် ချစ်ဖို့ ကောင်းလိုက်ပါသလဲ။ တို့ ML ကတော့ ပြန်လည်မွေးဖွားလာသူပါ။ သူတို့နှစ်ယောက်လုံးက ရောမရောတဲ့ FA စစ်စစ်တွေပါရှင့်။ ကူးပြောင်းလာတဲ့သူနဲ့ ပြန်လည်မွေးဖွားလာတော့မှ အချစ်ကို စတွေ့ကြတဲ့သူတွေပေါ့ရှင်။ Mcက ချင်းဟယ်လို မိသားစုခေါင်းဆောင်ပဲရှင့်၊ သူ့ယောက္ခမနဲ့ ယောင်းမ၊ မတ်လေးတွေက သူ့ကိုဆို အသေချစ်၊ အရမ်းလေးစားကြတာ။ တို့ MC က သူလိုချင်တာ လုပ်ချင်တာ တစ်ခုခုရှိရင် သူ့ဆရာ မသေမျိုးဖြစ်သွားတဲ့ တာအိုဘုန်းတော်ကြီးနာမည်ကိုယူပြီး နည်းပညာတွေ တစ်ခုပြီးတစ်ခု ထုတ်လာတာမျိုး၊ အဲဒီခေတ်မှာ မရှိသေးတဲ့ အသီးအနှံတွေကို ထုတ်ယူတဲ့အခါမှာလည်း သူ့ဆရာနာမည်ကို အသုံးပြုတယ်၊ သူ့မိသားစုကရော သူ့အမျိုးသားမိသားစုဘက်ကရော နှစ်ဖက်အမျိုးတွေက အကျင့် လုံးဝ မကောင်းကြပါဘူးရှင်၊ သူတို့တွေကို ဘယ်လိုချပြီး အချင်းချင်း တွင်းတူးပေးတာမျိုးလည်း ပါဝင်သလို မျက်နှာဖြတ်ရိုက်တဲ့ ဇာတ်ကွက်တွေ အများကြီးလည်း ပါဝင်တယ်ရှင့်၊ လင်းချင်းဟယ်လို ဇာတ်ရှိန် လုံးဝ မကျသွားမယ့် ဇာတ်လမ်းမျိုးလေးပါပဲရှင့်။ တို့က ရီဗျူးရေးတာ မကျွမ်းကျင်လို့ အမှားပါကောင်း ပါနိုင်ပေမယ့် ဇာတ်ရှိန် လုံးဝ မကျဘဲ ဖတ်ရတာ နောင်တမရေစေမယ့် ဇာတ်လမ်းကောင်းလေးဆိုတာကိုတော့ ပြောပါရစေ။ ရှင်တို့တွေ ဖတ်ကြည့်ပြီးရင် နောင်တမရစေဘူးဆိုတာကိုတော့ ယုံ...

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now