Chapter-10.1

970 114 0
                                    

အခန်း (၁၀)(က)

သွမ့်ရူလန်သည် စစ်ယွီနောက်ကနေ အိမ်ထဲသို့ လိုက်ဝင်လာသည်။ သူမ တံခါးကိုဖြတိပြီး ဝင်လာလာချင်းပင် အလွန်အမင်းပြင်းထန်လှသော ဆေးနံ့ကိုရလိုက်၏။ သူမသည် ချက်ချင်းမျက်မှောင်ကြုံ့လိုက်ပြီး သူမမျက်လုံးထဲမှ ရွံရှာမှုကို မနည်းဖုံးကွယ်ထားရသည်။

ထပ်ပြီးတော့ ဒီတရုတ်တိုင်းရင်းဆေးနံ့ပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သူမသောက်ခဲ့တဲ့အတိုင်းပဲ အနံ့က အလွန်ဆိုးဝါးလွန်းတယ် .. ဒီ သက်တမ်းတို ငွေကုန်စေတဲ့အရာလေးက ကောင်းကောင်းနေနိုင်ပြီးတော့ ကျန်းမြို့အထိတောင် ရောက်လာလိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့ပေ။ သွမ့်ရူလန်သည် စစ်ယွီ၏ ပိန်ပါးသော ကျောပြင်ကိုကြည့်ပြီး အထင်အမြင်သေးစွာတွေးလိုက်သည်။ အခုတစ်လော သူမရဲ့သားက ဒီပိုက်ဆံကုန်ပေါက်မနှင့် ရင်းနှီးနေတယ်ဆိုတဲ့ သတင်းကိုကြားမိလို့သာ ဒီကလေးမကိုရှာဖို့ အမြန်ပြေးလာရတာဖြစ်သည်။ သူမသည် ကျီလင်းက တစ်ခုခုအမှားလုပ်မိပြီးတော့ သူမ၏လက်ရှိယောက်ျားက တစ်ခုခုကြားသွားမည်ကို ကြောက်နေမိ၏။ သူမဘဝတွင် ဤသမီးအား နောက်တစ်ခေါက် လုံးဝထပ်မမြင်ချင်တော့ပေ။

ဤဖျားနာနေပုံပေါက်သော သမီးသည် သွမ့်ရူလန်ဘဝ၏ အမည်းစက်ကြီးဖြစ်၏။

သွမ့်ရူလန်၏ မိတ်ကပ်မှာ အလွန်လှပသိမ်မွေ့ပေသည်။ သူမသည် တစ်နှစ်ပတ်လုံး ဇိမ်နဲ့နေရပြီး သူမအသားအရေအား သေချာဂရုစိုက်ထားလို့ ဖြစ်နိုင်သည် သူမသည် အသက်သုံးဆယ်ဝန်းကျင်လောက်ဟု ထင်မှတ်ရပေသည်။ သူမ ငယ်ရွယ်စဉ်ကလိုပင် ချစ်စရာကောင်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး သူမနှင့် စစ်ယွီသည် အနည်းငယ်တူကြောင်းကို သူမ၏မျက်နှာသွင်ပြင်များမှတစ်ဆင့် ခပ်ရေးရေး သိနိုင်‌၏။

စစ်ယွီအား ကြည့်နေသော သွမ့်ရူလန်၏ အမူအရာမှာ အလွန်ကြောက်စရာကောင်းနေပြီး သူမ၏ မျက်နှာကိုပင် တစ်ခဏတာ မဲ့ရွဲ့သွားစေသည်။

သို့သော် စစ်ယွီမှ သူမအား ထိုင်ပြီးသကားပြောဖို့ ဖိတ်ခေါ်လိုက်သောအခါ သွမ့်ရူလန်သည် ချက်ချင်းပဲ သူမ အမူအရာကို ပြင်လိုက်ပြီး ဆိုဖာပေါ်တွင် ‌ဖြောင့်ဖြောင့်ထိုင်ကာ မဒမ်တစ်ယောက်၏ အမူအရာဟန်ပန်အား ပြန်ပြနေပြန်၏။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now