Chapter-12.2

875 109 0
                                    

အခန်း (၁၂) (ခ)

ပုံသုံးပုံထွက်လာခဲ့ပြီး တစ်ခုချင်းစီမှာ ရှေ့က တစ်ပုံထက် ပိုပြင်းထန်ပေသည်။ သူတို့သည် ပရိသတ်အား ဤလှပသော မိန်းကလေးသည် သူမ၏ဘဝအဆုံးသတ်ရောက်နေပြီလို့ ထပ်ခါထပ်ခါ ပြောနေသကဲ့သို့ပင်။ သူမ၏အလှသည် နှင်းဆီတစ်ပွင့်လို ပွင့်လန်းနေသော်လည်း နှင်းဆီအစစ်တစ်ပွင့် ဖြစ်ဖို့တော့ ညှိုးရော်လွန်းနေ၏။ နှင်းဆီညှိုးနွမ်းသွားတဲ့နေ့သည် သူမ၏ နောက်ဆုံးနေ့ရက်ပဲ ဖြစ်ပေသည်။

ကျီလင်း၏ ဖန်များမှာ ထိုပုံသုံးပုံအား စိုက်ကြည့်နေမိကြ၏။ သူတို့ဆဲဆိုဖို့ ပြင်ထားခဲ့သော စကားလုံးမျကို ပြနမျိုချလိုက်ကြရသည်။ ထိုအချိန်တွင် သူတို့သည် ကျီလင်းအတွက် လက်စားချေပေးဖို့ကိုပင် မေ့လျောသွားကြသည်။ သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ ထိုပုံသုံးပုံအား ထပ်ခါထပ်ခါကြည့်မိနေကြသည်။ သူတို့၏စိတ်ထဲတွင် ထိတ်လန့်နေမှု‌မှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်ပေ။

ဒါကြီးက အစစ်အတိုင်းပဲ၊ ဒါက တကယ့်အစစ်အတိုင်းပဲ။ မော်ဒယ်လေးက သရုပ်ဆောင်နေတာ မဟုတ်ဘူး ဟုတ်တယ်မလား။ သူတို့သည် ထိုဖြူဖျော့ပြီး ဖျားနာနေသော မိန်းကလေးအား မြင်လိုက်ရချိန်တွင် မထိန်းနိုင်တော့ဘဲ ငိုချင်စိတ်များ ဖြစ်လာကြသည်။ မိတ်ကပ်လိမ်း၊ ဓာတ်ပုံရိုက်ပြီး တည်းဖြတ်ထားရုံလောက်နဲ့တော့ ဒီလိုအရည်အသွေးမျိုး မရနိုင်ဘူး။ ဖြစ်နိုင်တာက အဲ့ဒီမော်ဒယ်လေးကိုယ်တိုင်က နေမကောင်းနေတာများလား။

ဖန်များသည် [ဖက်ရှင်တရားဝင်အကောင့်] အား နောက်ထပ်အကြောင်းအရာများကို မမေးဘဲ မနေနိုင်ကြတော့ပေ။ သူတို့သည် လေထိုးထည့်လိုက်သလိုပင် မှတ်ချက်ရေးသောနေရာသို့ ဤကဲ့သို့သော မေးခွန်းများဖြင့် အလုံးအရင်း ချီတက်လာကြ၏ : "မော်ဒယ် ရှောင်ကျဲကျဲရဲ့ ကျန်းမာရေးက ဘယ်လိုအခြေအနေလဲ။" သို့သော် သူတို့၏ အပြုအမူများကြောင့် [ဖက်ရှင်အိုင်ကွန်၏ တရားဝင်အကောင့်] သည် ကြောက်လန့်သွားပုံပေါ်သည်။ နောက်ဆုံးတွင် တရားဝင်သတိပေးစာတစ်ခု ထွက်လာခဲ့ရသည်။ "စိတ်အေးအေးထားကြပါ၊ ရှောင်ကျဲကျဲက အခု အဆင်ပြေနေပါတယ်။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now