Chapter-18.3

1K 93 0
                                    

အခန်း (၁၈) (ဂ)

ယွီလင်းသည် 'ချင်ကော်' ၏ လူရွေးပွဲ အခွင့်အရေးရဖို့ စစ်ယွီကိုကူညီခဲ့သည်။ ဒီအချိန်တွင် စစ်ယွီမှာ ဟွမ်းယီလက်အောက်ကို ဝင်ခဲ့ပြီးပြီဖြစ်၍ ဟွမ်းယီကို ဦးစွာအကြောင်းကြားဖို့ သွားလိုက်၏။ ထိုအချိန်တွင် သူမသည် သူမ လိုချင်သည့်ဒရာမာဇာတ်ကားကို ကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ရှိသည်ဟု လုရှင်းကျိုးက ပြောသောကြောင့် ဟွမ်းယီဘက်မှ သူမဆုံးဖြတ်ချက်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ သူမနှင့်အတူလိုက်ပါရန် လက်ထောက်တစ်ဦးကို ခန့်ပေးလိုက်သည်။

ဤလက်ထောက်အသစ်မှာ ချန်ယွဲ့ဟုခေါ်သော မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးဖြစ်သည်။ သူမသည် ကျောင်းမှ ဘွဲ့ရခါစဖြစ်သည့် ပုံပေါက်သည်။ သူမတွင် ငယ်ရွယ်သော ခွန်အားများရှိနေပြီး စစ်ယွီအတွက် အပေါ်တက်လိုက် အောက်ဆင်းလိုက်လုပ်နေသည်မှာ အသက်လေးတောင်မရှူပေ။ ထို့အပြင်၊ ချန်ယွဲ့က စစ်ယွီကို ကျိုးပဲ့လွယ်သည့် ကြွေထည်လေးလို ဆက်ဆံနေသည်မှာ သူမကို အလုပ်ခန့်တုန်းက ဟွမ်းယီဘက်မှ တစ်ခုခုပြောထားလို့လား မသိပေ။ လှေကားတက်နေချိန်မှာတောင် သူမကို ကူ‌တွဲနေခဲ့၏။

ဤကဲ့သို့ အလွန့်အလွန် သတိထားနေသော အပြုအမူမျိုးကို တစ်နည်းအားဖြင့် စစ်ယွီတစ်ယောက် သည်းမခံနိုင်တော့ပေ။ သူမက သွယ်ဝိုက်စွာ အဆိုပြုလိုက်သည်။ " ချန်ယွဲ့၊ ငါ အဲ့လောက်ထိ မကျိုးပဲ့လွယ်ပါဘူး။ ဒါကြောင့်မို့ နင် ငါ့ကို တစ်ချိန်လုံး စိတ်ပူနေဖို့ မလိုပါဘူးဟယ်။"

ချန်ယွဲ့သည် မျက်တောင်ခတ်လိုက်ပြီး မှနိကန်စွာပြန်ဖြေလိုက်၏။ "မဖြစ်ဘူး။ စစ်ယွီကျဲ၊ အစ်မရဲ့ ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး၊ အစ်မရဲ့ လက်ထောက်တစ်ယောက်အနေနဲ့ ကျွန်မက အစ်မရဲ့ ကျန်းမာရေးက အဓိကလို့ ခံယူထားရမှာပဲ။ ကုတ်အင်္ကျီ မြန်မြန်ဝတ်လိုက်၊ အပြင်မှာ အေးတယ်။ အအေးမမိအောင် သတိထားဦး။"

စစ်ယွီမှာ အကြိမ်ရေ အနည်းငယ် ထပ်ပြောခဲ့ပေမယ့် သူမက နားမထောင်တာမို့ သူမနဲ့ ရေလိုက်ငါးလိုက်နေရုံကလွဲပြီး ရွေးစရာ မရှိတော့ပေ။ သို့သော် စစ်ယွီ မသိသည်မှာ သူမ ချန်ယွဲ့ကို ဂရုမစိုက်မိသည့်အချိန်တွင် သူမသည် စစ်ယွီအား လျှို့ဝှက်စွာ ခိုးကြည့် နေပြီး သူမ၏ နှလုံးသားထဲ‌တော့ ဟိုးအရင်အချိန်ကတည်းက ခုန်ပေါက်နေခဲ့တာဖြစ်သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now