Chapter-8.2

1.4K 177 4
                                    

အခန်း (၈) (ခ)

စစ်ယွီမှာ ထိုအချိန်တိုလေးအတွင်းတွင် သူမ၏ တစ်ဘဝလုံးစာ လုပ်ခဲ့သမျှ မှတ်တမ်းများသည် အသေးစိတ် ရှာဖွေခံရပြီး လုရှင်းကျိုးထံ တင်ပြခံလိုက်ရပြီဆိုတာ သူမ လုံးဝမသိခဲ့ပေ။ သူမသည် အခု သူမအား ပုံဆက်ဆွဲပြီး ဆွဲလက်စတွေကို ဆက်ရေးဖို့ တောင်းဆိုနေတဲ့ အက်ဒီတာအား ကိုင်တွယ်ရင်း အလုပ်များနေရသည်။

သူမ ဆေးရုံတက်နေစဉ်တွင် ဖုန်းမရှိမှ သူမ ကောင်းကောင်းအနားယူနိုင်မှာဟုဆိုကာ သူမဖုန်းကို သိမ်းထားခဲ့၏။ သူမ အိမ်ပြန်ရောက်သောအခါမှ ဖုန်းကိုကြည့်ဖို့ အချိန်ကောင်းကောင်းရခဲ့သည်။ 'ချွီမန်' ၏ အက်ဒီတာ မူယန်သည် သူမ၏ <<ဖက်ရှင်လောက၏ အခက်အခဲများ>> မန်ဟွာကို မြန်မြန်အပ်ဒိတ်ပေးဖို့ လောဆော်နေသည်။ အော်သာကသာ အသစ်ထပ်မတင်ပေးဘူးဆိုရင် ဆာလောင်လွန်းလို့ သေရပါတော့မယ်လို့ မှတ်ချက်မန့်နေတဲ့ စာဖတ်သူတွေ အများကြီး ရှိနေကြောင်း သူမက စစ်ယွီအား ပြောပြခဲ့သည်။

သူမသည် ချွီမန်နှင့် လက်မှတ်ထိုးပြီးကတည်းက သူမ၏ မန်ဟွားအား ကိုင်တွယ်ရန် ကိစ္စအလုံးစုံကို မူယန်လက်ထဲ အပ်ထားခဲ့သည်။ ချွီမန်တွင် စာဖတ်သူများ၏ မှတ်ချက်ကိုသွားဖတ်ဖို့ ကြံနေတုန်းမှာပင် မူယန်ဆီမှ သတိပေးချက် တစ်သီတစ်သန်းကြီးကို ရလိုက်တာဖြစ်၏။ 'ဖက်ရှင်လောက၏ အခက်အခဲများ' ၏ ထုတ်ဝေထားသော အပိုင်းသုံးပိုင်းမှာ ထောင်ချီသော မှတ်ချက်များ ရနေပြီဆိုတာကို တွေ့လိုက်ရသည်။

'ဖက်ရှင်လောက၏ အခက်အခဲများ' သည် အခုမှ စတင်တာ ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက် ရှောင်ရွှမ်းသည် အလောင်းအစားလုပ်ပြီး သူမအား ရှက်စရာကောင်းသော ဝတ်စုံများဖြင့် တစ်နေကုန် ကုန်ဆုံးစေသည့် ချမ်းသာသော သခင်လေးများအဖွဲ့ထံမှ ထူးဆန်းသော စာချုပ်တစ်ခုကို လက်မှတ်ထိုးရန် လှည့်စားခံခဲ့ရသည်။ သူမသည် စာချုပ်အား အဆုံးသတ်ချင်သော်လည်း မိုးလောက်ထိ မြင့်မားနေသော လျော်ကြေးငွေများကို မတတ်နိုင်သဖြင့် သည်းခံပြီး ဆက်လက်လုပ်ကိုင်ရန် တွန်းအားပေးခံခဲ့ရ၏။ သို့သော် သူမသည် ထိုသခင်လေးများထဲမှ တစ်ယောက်၏ လျို့ဝှက်ချက်ဖြစ်သည့် ထိုလူက cross dresser ဆိုတာကို မတော်တဆ သိလိုက်ကတည်းက အရာအားလုံး ပိုကောင်းလာခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now