Chapter-12.1

979 106 0
                                    

အခန်း (၁၂) (က)

ယနေ့ညတွင် ကျီလင်း၏ မရေမတွက်နိုင်သော ဖန်လေးများသည် ဖက်ရှင် အော်ဖစ်ရှယ် ဘလော့ဂ်အား အနီးကပ် စောင့်ကြည့်နေကြပြီး ပင်မစာမျက်နှာအား ခဏခဏ ဆွဲနေကြ၏။ မဂ္ဂဇင်း အသစ်ထွက်မည့် ကြော်ငြာချက်အား စိတ်လှုပ်ရှားစွာ စောင့်နေကြခြင်းပင်။

<<ဖက်ရှင်အိုင်ကွန်>> သည် တရုတ်တွင် ထိပ်တန်းဖက်ရှင် မဂ္ဂဇင်းတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်လောက်က သူတို့သည် သူတို့နှင့် အတူ လက်တွဲ အလုပ်လုပ်ရန် ကျီလင်းအား ဖိတ်ခေါ်ထားကြောင်း ပြောခဲ့၏။ ဖန်များက ထိုသတင်းကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ ဘာပဲပြောပြော ' ကျီလင်း' လို့ခေါ်တဲ့လူက ဗုဒ္ဓလိုပဲလေ။ သူက အရမ်းပေါ်ပြူလာဖြစ်ပေမဲ့ မလုပ်မနေလုပ်ရတဲ့ အလုပ်တွေကလွဲရင် ကျန်တဲ့ရသစုံလင်ရှိုးတွေနဲ့ စီးပွားဖြစ်လှုပ်ရှားမှုတွေဆို တစ်ခါတစ်လေလေးမှသာ ဝင်ပါတတ်သည်။ သူပြောခဲ့သည်မှာ , အဲ့အချိန်အတွင်း ဂိမ်းဆော့နေတာက ပိုမကောင်းဘူးလား။ ဘာကြောင့်များ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် နှိပ်စက်နေရမှာလဲ။

ဖန်အများစုသည် ကျီလင်းအသက် ‌ဆယ့်ငါးနှစ်ထဲက ကျီလင်းတစ်ယောက် အောင်မြင်မှုဆီသို့ တစ်လှမ်းချင်းတက်လာသည့် ခရီးကို အတူလိုက်ပါလာကြသူများဖြစ်သည်။ ၎င်းသည် ပါပီလေး ကျီလင်း၏ 'အားလုံး အေးဆေး‌ပေါ့ ' ဆိုသည့် ပုံစံအပေါ် အချစ်အမုန်းခံစားချက် ရောထွေးနေသော ကျီလင်းအား မျက်စိကျနေသည့် မိန်းကလေးဖန်များအား သက်ရောက်သွားစေခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့သည် အကူအညီမဲ့စွာပင် သူလုပ်ချင်ရာလုပ်ဖို့ လွှတ်ထားလိုက်ရတော့သည်: ကောင်းပြီ ကောင်းပြီ။ နင်ပျော်နေ‌သရွေ့ပေါ့။ ဘယ်သူကများ နင့်ကို အဲ့လောက် ချစ်ဖို့ကောင်းခိုင်းနေလို့လဲ...

အခုတော့ ကျီလင်း၏ ပူးပေါင်းလုပ်ဆောင်မှု အရေးကြီး သတင်းအား စောင့်နိုင်ဖို့ မလွယ်ကူပါချေ။ ကျီလင်း၏ ဖန်များသည် စိတ်လှုပ်ရှားမှုများဖြင့် ချက်ချင်းပဲ ပေါက်ကွဲထွက်လာကြ၏ --- ဝယ်မယ် ဝယ်မယ် ဝယ်မယ်။ ဒီရာသီရဲ့ << ဖက်ရှင်အိုင်ကွန် >> က ငါတို့ရဲ့ ကျီလေးနဲ့ စာချုပ်ချုပ်ထားတာဟေး။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now