Ch-18.2

778 84 2
                                    

အခန်း (၁၈) (ခ)

ထိုအချိန်တုန်းက သူမသည် အာရုံစိုက်မှုရချင်လို့ မဟုတ်ဘဲ သူမ၏စိတ်မှ အလိုလိုတုံ့ပြန်မှုကြောင့် ကယ်တင်နိုင်ခဲ့တာဖြစ်သည်။ အခုတော့ အားလုံးသိသွားကြပုံရပြီး စစ်ယွီသည် သူမဘေးတွင် လဲလျောင်းလိုက်ပြီး မျက်နှာကို ဆိုဖာထဲ မြုပ်ထားလိုက်သည်။ ဒါက လူတွေရှေ့မှာ ကွပ်မျက်ခံရတာပဲ မဟုတ်ဘူးလား ...

ယွီလင်းကတော့ အသက်ရှုမဝသည်အထိ ရယ်မောနေခဲ့၏။ သူမသည် ရယ်ရင်း နှစ်သိမ့်လိုက်သည်။ "မဟုတ်ဘူး၊ ဒါက ကောင်းတဲ့အရာပဲဟာ။ [ဖက်ရှင်အိုင်ကွန်]က ကြေငြာချက် ထွက်လာတော့ လူတိုင်းက နင့်ကို မှတ်မိနေကြတာ။ ကြည့်ကြည့်၊ ကျီလင်းရဲ့ ပရိသတ်တွေတောင် နင့်ပရိသတ်တွေ ဖြစ်လာကြပြီ။ သူတို့က ပုံမှန်ဆို တခြားအမျိုးသမီးကြယ်ပွင့်တွေနဲ့ မရင်းနှီးတတ်ဘူးဆိုတာ နင်သိထားရမယ်။"

စစ်ယွီသည် ဒါကိုကြားလိုက်သောအခါ သူမ တန့်သွားခဲ့သည်။ "ဒါဆို ကျွန်မ ဝေ့ပေါ် အောက်မှာ ရှုပ်ပွနေပြီး ကျွန်မကို အားပေးဖို့ မဂ္ဂဇင်းတွေဝယ်တဲ့သူ အများစုက ကျီလင်းရဲ့ ပရိသတ်တွေလို့ ပြောတာလား။"

စစ်ယွီသည် သူမ၏ ဘယ်အစိတ်အပိုင်းကများ အစွမ်းထက်သော တိုက်ခိုက်ရေးသမားများဖြစ်သည့် ကျီလင်း၏ ပရိသတ်များကို ဆွဲဆောင်နိုင်သွားလဲဆိုတာ စဉ်းစားနေဆဲဖြစ်သည်။ အခြားတစ်ဖက်မှာတော့ သူ့အလုပ်ချိန်တွေကြားထဲက အားလပ်ချိန်လေးမှာ ကျီလင်းသည် သူ့ရင်ဘတ်ကိုသူထုလိုက်ပြီး ခြေထောက်ကို ဆောင့်လိုက်၏။ အကြောင်းရင်းကတော့ သူသည် နှိုးစက်နာရီတောင် ချထားပြီးတော့ အချိန်ကျလာတဲ့အခါ သူ့အစ်မရဲ့ ပုံပါတဲ့ မဂ္ဂဇင်းကို ဝယ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ရှုတင်က ချောချောမွေ့မွေ့ မဖြစ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ နှောင့်နှေးသွားခဲ့သောကြောင့် ဖြစ်သည်။ စောင့်ဆိုင်းနေသော ကျီလင်းလေးသည် နောက်ဆုံး အနားယူနိုင်သွားသောအခါ ဝဘ်ဆိုဒ်က မဂ္ဂဇင်းသည် ရောင်းကုန်သွားပြီ ဖြစ်ကြောင်း ပြသလာခဲ့၏။

သူ့အစ်မရဲ့ ပထမဆုံး ကာဗာဓာတ်ပုံ၊ ဒီလိုအရေးကြီးတဲ့ အမှတ်တရတစ်ခု၊ သူ တကယ် ဝယ်...လို့...မ...ရ...နိုင်...တော့...ဘူး...

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း حيث تعيش القصص. اكتشف الآن