အပိုင်း ၄၀

340 11 0
                                    

Unicode
(အပိုင်း၄၀)

တချိန်က ဦးယဇ်ပလ္လင်၏ လက်ကောက်ဝတ်မှာ တွေ့မြင်ခဲ့ရသောဆွဲကြိုးလေး။ထိုလက်စွပ်ပါတဲ့ ဆွဲကြိုးလေးက ယခု ပိုပို့ဆီမှာ။သိမ်းထားတာမျိုးမဟုတ်ပေမဲ့ အသုံးချဖို့ လိုအပ်နေသေးလို့ ခဏ ထိန်းထားတာ။

"သား..!"

တံခါးပေါက်မှ ဖေဖေ့အသံကြောင့် ပွတ်သပ်မိတဲ့ ဆွဲကြိုးလေးကို အလျင်အမြန် သိမ်းဆည်းလိုက်ရသည်။သို့သော် မျက်စိလျင်လှတဲ့ ဖေဖေက ထိုအရာလေးကို မြင်ဖြစ်အောင် မြင်သွားခဲ့၏။

"သား ဖေဖေတို့ဆီ ပြန်ရောက်တဲ့နေ့တုန်းက ပါလာခဲ့တာလေ"

ရုတ်ချည်း မဲ့ကျသွားတဲ့ မျက်နှာပြည့်ပြည့်လေး။မရည်ရွယ်ထားတဲ့ စကားမို့ရှင်းခန့် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။

"ကဲကဲ ဘာမှမတွေးနဲ့တော့ ၊ အောက်မှာ ဧည်သည်တွေစုံနေပြီ ဆင်းရအောင်"

"ဟုတ်ကဲ့ဖေဖေ"

ဟန်ဆောင် ကောင်းလွန်းသော သားက ဘာမှမဖြစ်သလိုပင် ခပ်ယဲ့ယဲ့ အပြုံးလေးတပွင့် လှစ်ဟ ပြလာလေသည်။

ရှင်းခန့်သိတာပေါ့...!သားက ယဇ်ပလ္လင်ကို သတိရနေမှန်း။

"သား ဘာမှမဖြစ်ပါဘူး ဖေဖေ ၊ စိတ်မပူပါနဲ့"

သားတို့ရုပ်ရည် သီတာမည်သား၊ရေကြည်ချမ်းမြ တပေါက်ကျက မိဘတို့ဝမ်း မငြိမ်းချမ်း၏တဲ့။ထိုဆိုရိုးက သားသမီးရှိတဲ့ မိဘတိုင်းခံစားမိသည့် ဝေါဟာရလေး။ဒီသားလေး ပြုံးလျှင် ရှင်းခန့် အေးချမ်းရ၍ ငိုကြွေးနေလျှင်တော့ စိတ်နှလုံးမှာ နင့်နေရသည်။

"အင်းပါကွာ"

ဒီကနေ့က မြေးလေး Julian (jj)လေး၏ ၁၀လ ပြည့်တဲ့နေ့။

ဟိုလူ ယနွေ့အဖေရဲ့ မွေးနေ့ဆိုလဲမမှား။​သားလေးရဲ့ အဖေ မွေးနေ့မို့ သားက အမှတ်တရလေး ဖြစ်အောင်ဆို၍ မိသားစုလေးနဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက် အနည်းအပါးရယ် စုပြီး စားပွဲအသေးစားလေး လုပ်ဖြစ်ခဲ့ခြင်း။

ခင်ဗျား နေထိုင်လို့မှ ကောင်းပါလေစ။

ရှင်းခန့် သားကိုကျောပိုး တဖက်က ခေါက် wheelchair လေးကို ကိုင်ကာ လှေကားထစ်များကို ဖြတ်ကျော်လိုက်သည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now