အပိုင်း ၉

265 18 2
                                    

Unicode
(အပိုင်း၉)

Steering ကိုင်ထားတဲ့ အကို့လက်သွယ်သွယ်တွေကို ငေးရင်း သော်စဥ်းစားကြည့်မိသည်။

အကို့က သူ့နောက်ကြောင်းကို ဘာလို့အသိမခံသလဲနော်။နောက်ပြီး လက်သန်းကြွယ်က တက်တူးလေးကရော??

အကြည့်လွှဲမိခိုက် နွေးထွေးလာသော သော့် လက်ဖဝါးတဖက်။

"အကို"

"အင်း"

ကျေးဇူးပါ သော်။ကိုယ်မဖြေမဲ့ မေးခွန်းမျိုး မေးမလာခဲ့လို့။အလိုက်တသိနဲ့ ခွင့်လွတ်နားလည်တတ်တဲ့ သော် က ယဇ်အတွက် လက်တွဲဖော်ကောင်းပါ။

"ရောက်ပြီ သော် ၊ ဒါ နောင်ကြီးရဲ့ ဆိုင်ပဲ"

သော်တို့ ရောက်ချိန်က မနက်ပိုင်းမို့ လူရှုတ်နေခဲ့သည်။ကျယ်ကျယ်ဝန်းဝန်းမို့ စားပွဲလွတ်တွေတော့ ရှိနေသေးသည်။

"ထိုင်ကွာ ဘာသောက်မလဲ"

"သောက်နေကျအတိုင်းပဲ cake ကတော့ချိုပါစေနော် ၊သော်ကရော ဘာသောက်မလဲ"

"Espresso တခွက်"

နောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည့်ခဏ...

"မရဘူးလားဟင်! !"

"ရပါတယ်။ဒါပေမဲ့ ကျွန်တော့် လက်ရာတော့ မဟုတ်ဘူးနော်"

နောင့်စကား​ကြောင့် ယဇ်က မျက်ခုံးပင့်ကာ ကြည့်လာသည်။

"why??"

"ဒီလိုပါပဲ လူတယောက်ကလွဲရင် Espresso ကို ငါ့လက်နဲ့ မဖန်တီးချင်လို့ပါ"

နောင် ချက်ချင်း ထထွက်ခဲ့မိသည်။ယဇ် ရဲ့ ခပ်စူးစူး အကြည့်တွေကို နောင်မဖြေရှင်းချင်ဘူး။

"ညီလေး ဟိုဝိုင်းအတွက် ဒါလေးပြင်ပေးပါဦး"

နောင် ထိုသို့မလုပ်သင့်ပေမဲ့ လုပ်လိုက်မိသည်။ကိုယ့်သူငယ်ချင်းကို အားနာမိပေမဲ့။

"အကို ၊ အကို့သူငယ်ချင်းက သော့်ကို မကြည်ဖြူသလိုပဲနော်"

"မဟုတ်ပါဘူးကွာ ၊ သူကိစ္စရှိလို့နေမှာ နောင်က သွက်တယ် သဘောလည်းကောင်းတယ် ခုက သူတမင်ရှောင်ပေးသွားတာ"

သော် စိတ်ထဲ ဘဝမကျပေမဲ့ ဘာမှစောဒက မတက်တော့ပဲ ရောက်လာသည့် coffee ကိုသာ သောက်နေလိုက်သည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Nơi câu chuyện tồn tại. Hãy khám phá bây giờ