Unicode
(အပိုင်း၃၄)ပိုပို့ကို ကုသပေးခဲ့ဖူးသော ထိုဆရာဝန်က လူနာခန်းမှ ထွက်လာသည်။
"ဘယ်လိုနေသေးလဲ ဟင် ၊ဦးသတိရလာပြီလား"
အမောတကော မေးလာတဲ့ကလေးပေါက်စကို မိမိသေချာ အကဲခတ်လိုက်သည်။ဝတ်ထားသည့် ခဲပုတ်ရောင် တီရှပ်လေးမှာ မိုးစိုနေပြီး ဂျင်းဘောင်းဘီ မှာလည်း အနည်းငယ်စိုထိုင်းနေခဲ့သည်။
"အဝတ်အစား အရင်လဲလိုက်"
မျက်နှာလွှဲလိုက်ပြီးနောက် တာဝန်ကျ ဆရာမလေးအား သူ့ကိုကူညီပေးရန်ပြောလိုက်တော့သည်။
"လိုအပ်တာရှိ ပြောပါရှင့်"
ဆရာမလေးက စားပွဲပေါ်သို့ coffee ခွက်လေးချပေးရင်း ပြောလာလေသည်။ပိုပိုလည်း ခေါင်းငြိမ့်ပြုံးပြလိုက်ပြီး...
"ရပါပြီ"
"ဒါဆို ခွင့်ပြုပါဦး၊ညနေစာကို ခဏနေမှ လာပို့ပေးပါ့မယ်"
ပြုံးရွှင်ဖော်ရွေလွန်းသော ထိုဆရာမလေးက သူနာပြု မလုပ်ပဲ ဘဏ်ဝန်ထမ်းတို့၊ဟိုတယ်ဝန်ထမ်းတို့လုပ်သင့်ပေသည်။မဆီမဆိုင် တွေးမိသွားသော အတွေးတို့ကို လက်စသတ်ပြီး ပိုပို အင်္ကျီလဲလိုက်သည်။
ပွယောင်းယောင်းနိုင်ပေမဲ့ နွေးထွေးမှုတစွန်းတစရသည့် လူနာဝတ်စုံ။ဆိုသော်ငြား ဆေးနံ့တော့ စွဲမနေပေ။ဤ အခန်းကလည်း ထိုသို့ပင်။ဒါကလည်း ဤဆေးရုံ၏ တမူ ထူးခြားသော အချက်တစ်ခု။
ပိုပို လက်တဖက်က coffeeကိုင် ကျန်တဖက်က မှန်ပြတင်းမှ ခန်းစီးစကို ဆွဲကပ်လိုက်သည်။ထိုအခါ မှန်သားဆီ လာစင်တဲ့မိုးစက်များကို မြင်ရသည်။အချိန်ခါမဟုတ်ရွာတဲ့ မိုးကြောင့် ပတ်ဝန်းကျင်က လှပမနေ။အနည်းငယ် ကပိုကရိုနိုင်ပြီး ဗရုတ်ကျ၏။
လူတချို့ မိုးရေထဲခပ်သုတ်သုတ်လျှောက်နေပြီး ကားများလည်းထိန်းမောင်းနေကြရသည်။ထိုမြင်ကွင်းကို ပိုပိုဆက်မကြည့်တော့ပဲ coffee ပူပူကိုသာ တကျိုက် သောက်လိုက်သည်။
အရသာက လျှာပေါ် ခါးသက်စွာ စိမ့်ဝင်လာသည်။ထိုအခြေနေကြောင့် ပိုပို့မျက်နှာရှုံ့တွသွားပြီး ချက်ချင်းမြိုချပစ်လိုက်သည်။
YOU ARE READING
"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ]
Teen FictionBL/Myanmar {Dec12..Feb10-2023}