အပိုင်း ၅

483 30 2
                                    

Unicode
(အပိုင်း၅)

တနင်္လာနေ့ မို့ ဖေသော်ရော ပိုပိုပါ အပြင်ထွက်ဖို့ ပြင်ရသည်။ပိုပိုက ကျောင်းသွားမည်။ဖေသော်က အလုပ်သွားမည်ပေါ့။

"ဖေသော်ရေ နောက်ကျနေပြီလို့.. !"

လူပျိုကြီးက ပိုပို့ထက် အလှပြင်နေသည်မို့ သူ့မှာမပြီးနိုင်။ပိုပိုကတော့ ပုဆိုးနဲ့ လည်ကတုံးအဖြူနဲ့ ပြီးရော။

"လာပါပြီ ဗျ"

လှေကားမှ ပြေးဆင်းလာတဲ့ သူကြောင့် ပိုပို ပါးစပ်အဟောင်းသားပင် ဖြစ်သွားရ၏။

"ဝါး....ဖေသော်က တအားလှတာပဲ"

ရှပ်လက်ရှည် ဆင်စွယ်ရောင်လေးရယ် style pant အနက်လေးနဲ့ တွဲဝတ်ထားသည်က ဝါဝင်းသော အသားရည်နှင့် ပနံတင့်စွာ။

Gel အကူနဲ့ အပြောင်လှန်တင်ထားတဲ့ ဆံပင်က ဖေသော့်မျက်နှာနှင့် တကယ်ကြည့်ကောင်းလှသည််။

ဖေသော်က မျက်ခွံမို့ပြီး မျက်ရစ်ရေးရေးလေးရှိသည်။ပို့ပို့လို မျက်ရစ်မရှိပဲ ပိတ်တိတ်တိတ် မဟုတ်။နှုတ်ခမ်းကလည်း ပို့ပို့လို မပါးလျပဲ ခပ်အိအိတွဲတွဲဖြစ်သည်။

ပါးကတော့ တမျိုးလုံး တဆွေလုံးဖောင်းတာဟု ပြော၍ပင် ရလောက်အောင် ဖေဖေရော ဖေသော်ရော ပိုပိုပါ အကုန်ဖောင်းတာ။နှာခေါင်းကတော့ ဘယ်လိုပုံရှိလဲ မပြောတတ်။သုံးယောက်လုံးက လုံးပြီးသွယ်တာလို့ပဲ ထင်တယ်။

"သား..!!"

သားက မျက်တောင်မခတ်ပဲ သတိလက်လွတ်ဖြင့် ငေးနေသည်မို့ သူ့မျက်ဝန်းတွေရှေ့ လက်လှုပ်ရမ်းပြ ကာသတိပေးလိုက်ရသည်။

"သားရေ...!"

"ဗျာ"

"ဘာတွေ အဲ့လောက်တောင် ငေးနေတုန်းကွ မမြင်ဖူးတာကျရော"

"အင် ဖေသော်ကလည်း မြင်ဖူးနေကျပေမဲ့ ထူးဆန်းလို့ပေါ့ဗျ"

"ဟုတ်ပါပြီ လာသွားမယ် ၊ ဦးလေးရေ..အဆင်သင့်ပဲဗျို့"

ကားအနက်လေးတစ်စီး လမ်းမပေါ်ရောက်သည်ဆိုလျှင်ပဲ ကပ်လျက်ရှိသော ဘေးအိမ်မှ ကားဖြူလေးသည်လဲလမ်းမပေါ် တက်လာလေသည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now