အပိုင်း ၂၁

174 13 4
                                    

Unicode
(အပိုင်း၂၁)

"ကိုလေး..ဟိုကောင်လေး လာတယ်"

ဝန်ထမ်းလေး၏ အသံကြောင့် နောင် တွက်လက်စ စာရင်းစာအုပ်မှ အကြည့်ခွာကာ ဆိုင်ပေါက်ဝဆီ လှမ်းကြည့်လိုက်သည်။

ကောင်လေးက ကျောပိုးအိတ်ကို တရွတ်တိုက်ဆွဲပြီး စိတ်ပျက်လက်ပျက်ပုံစံမျိုးနှင့် အထဲကို တလှမ်းချင်းဝင်လာလေသည်။

"ဦးနောင်"

အားမပါသလို လျော့တိလျောရဲအသံလေးက နောင့်ကို ပြာယာခတ်သွားစေသည်။

"ရေ.. ရေသောက်မလား"

"ဟင့်အင်း"

အလျဥ်စလို မေးမိသည့် မေးခွန်းက တဖက်အတွက် အချည်းနှီးသာ။

"ဒါဆို coffee သောက်ချင်လား.??"

ဘာမှ ပြန်ဖြေ မလာသည်မို့ နောင် စိတ်ပူလာရသည်။​အဝတ်အစား ကပိုကရိုလေးနှင့် စုတ်ဖွားဖွား ဆံပင်ပုံစံကြောင့် နောင် သတိလက်လွှတ် ဖြစ်သွားပြီး ပွေ့ဖက်လိုက်မိတော့သည်။

"ဝါး...."

customer တချို့၏ ဆူညံသံများကြားမှ နောင် ပတ်ဝန်းကျင်ကို အာရုံရှိလာရသည်။

"လာ"

ကိုယ့်အတွက် ပြသနာမရှိပေမဲ့ ကောင်လေးအတွက်ကျ ထူးဆန်းတဲ့မျက်ဝန်းတွေက အန္တရာယ်ရှိနိုင်သည်မို့ သီးသန့်အခန်းထဲသာ ခေါ်လာခဲ့လိုက်သည်။

နောက်ပါးဆီမှ ဝန်ထမ်းလေးသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာကာ အမြင်သင့်တော်စေရန် ဖေးကူတွဲပေးလာသည်။

"ထိုင်ဦး ဦးနောင် ဆရာဝန်ခေါ်ပေးမယ်"

"ဟင့်အင်း..ခဏလောက် အိပ်ချင်တယ်"

ကောင်လေးက နံရံမှီကာ မျက်လွှာချသွားသဖြင့် သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။

တိတ်တဆိတ် ထွက်ခွာလာသည့် နောက်ကွယ်တွင်မတော့ လူတစ်ယောက်၏ မျက်တောင်များက တဖျတ်ဖျတ် လှုတ်ခတ်နေခဲ့လေ၏။

"ကိုလေး..ဒီတိုင်းထားလို့ ဖြစ်ပမလား"

"ဖြစ်တော့ မဖြစ်ဘူးပေါ့ကွာ ၊ဒါပေမဲ့ သူအိပ်ချင်တယ် ပြောနေတာလေ  ဘယ်လိုလုပ်မလဲနော့ ၊ ဒီတိုင်းမလိုက်လျောလို့ အတင်းမေးမြန်းနေရင်ငါ့ကြောင့်နဲ့တခါ သူစိတ်ပင်ပန်းသွားမှာပေါ့"

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now