Unicode
(အပိုင်း၃၃)စာမေးပွဲ ဖြေနေသည့် ရက်များတွင် ဦးနောင်သည် ပေါ်မလာခဲ့။ဖုန်းနဲ့လည်း မဆက်သွယ်ခဲ့သလို စာနှင့်လည်း သတိမရခဲ့။
မုန်းသွားပြီလား ဦးနောင်ရယ်။ဒီရက်တွေမှာ သူနဲ့ အချိန်ပြည့်ရှိနေခဲ့လို့ စိတ်ဆိုးနေတာလား။
တောင်းပန်ပါတယ်။ပိုပို သူ့ကိုလုပ်ပေးနိုင်တဲ့ တခုထဲသော အခွင့်အရေးက သူ့နားအချိန်ခဏလောက် နေပေးနိုင်တာလေးပါပဲ။နားလည်ပေးမယ်ထင်ပါတယ်။
ဒီရက်ပိုင်း စာမေးပွဲ တဖက်နှင့် ပိုပို သူ နှင့်အတူ ရုပ်ရှင် ကြည့်ပေးခဲ့သည်။အင်းလျားမှာ လမ်းလျှောက်ပေးခဲ့သည်။ကန်တော်ကြီးမှာ အတူရှိပေးခဲ့သည်။ဒါကလည်း ဖေသော်နှင့်ပါ။ရံဖန်ရံခါ ဦးသြရလည်း ပါပါတယ်။
နောက်ပြီး ကျေးဇူးလည်း တင်ပါတယ်နော်။ဒီတသက် မတွေ့ရတော့ဘူးထင်ထားတဲ့ လူတစ်ယောက်ကို ပိုပိုရှေ့ အရောက်ပို့ပေးခဲ့လို့။
"သား စာကြည့်ပြီးရင် အိပ်တော့နော်"
ပိုပို မျက်ရည်ကို ကပြာကယာသုတ်ကာ ပြန်အော်လိုက်သည်။
"ဟုတ်ကဲ့ ဖေဖေ..!!"
ဖေဖေက စာမေးပွဲအတွင်း ပြန်လာနေပေးသည်။တခုခုကို စိုးရိမ်သည့်နှယ် မျက်စိအောက်က အပျောက်မခံ။ခုနောက်ဆုံး တစ်ဘာသာလေး ကျန်တော့သည်ကိုတောင် ကြားပိတ်ရက်ကိုဖေဖေ့မှာ ဒေါသထွက်လို့မဆုံး။
"ဖေဖေ လာပြီ..!!"
ရှင်းခန့် ဧည့်ခန်းမှ တဆင့် သားရှိရာကို ဖြတ်သွားစဥ် ညီနှင့်ဆုံ၏။
"အမယ် ပိတ်ရက်မှာတောင် ရှိုးစမိုးအပြည်နဲ့ပါလား၊အိမ်မှာ ကိုကိုနဲ့ သားပဲရှိတာနော"
ကိုကို၏ စနောက်မှုကြောင့် သော့်မျက်နှာ ရဲခနဲ။မင်္ဂလာရက်နီးလာ၍ ပြင်ပြင်ဆင်ဆင်လေးနေမိမှ ကိုကိုနှင့်တိုးနေသည်။
"ပျော်နေတယ်ပေါ့လေ မျက်နှာလေးကို ပြည့်နေရောပဲ"
ဟုတ်ပါတယ်။ခုတလော သော် အရမ်းပျော်တယ်။အကိုနဲ့ အတူရှိချိန်များလို့ စိတ်ချမ်းသာနေတယ်။တခါတလေ သံသယလေး ဝင်ဝင်လာ တတ်တာကလွဲလို့ စားလို့ အိပ်လို့ကောင်းနေတယ်။
YOU ARE READING
"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ]
Teen FictionBL/Myanmar {Dec12..Feb10-2023}