Unicode
(အပိုင်း၇)တစ်ခုသော မနက်ခင်းတွင် ယဇ်သည် တစ်ယောက်တည်း အချိန်ဖြုန်းလိုသည်မို့ အင်းလျားဘက် လမ်းလျှောက်ထွက်ခဲ့သည်။
ရန်ကုန်မှာနေပေမဲ့ မရောက်ဖြစ်တာကြာပြီမို့ အားလုံးက အသစ်အဆန်းဖြစ်နေသည်။အထူးသဖြင့် ထိုင်ခုံလေးများက ဟိုးတုန်းကလိုမဟုတ်ပဲ သစ်လွင်နေသလို။
ကန်ပေါင်မှ အောက်ဆင်းသော လှေကားထစ်များတွင် ကလေးများ ဆော့ကစားနေသည်ကို မြင်မိတော့ အကြောင်းရင်းမရှိ တဖက်ခြံက ကောင်လေးကို ယဇ် သတိရမိသွားသည်။
ဒီအချိန်ဆို သူဘာလုပ်နေမလဲ??
အချိန်ကြာကြာ လမ်းလျှောက်ခဲ့သည်ကြောင့် ယဇ် ခြေထောက် ကြွက်သားတို့တောင့်လာခဲ့သည်။ထို့ကြောင့် အနီးရှိ ဆိုင်တဆိုင်တွင် မနက်စာ စားရင်းနားမည်ဟု ကြံရွယ်လိုက်သည်။
waiter လေးအား ထမင်းကြော်တပွဲ မှာလိုက်ပြီး ယဇ် ဂျာနယ်တစောင်ကို ဖတ်နေလိုက်သည်။ချစ်ရသူလေး တည်းဖြတ်ထားသော ဆောင်းပါး တပုဒ်ဆီ အကြည့်ရောက်ခိုက် နောက်ပါးဆီမှ ကြည်လင်အေးမြလှသော ရယ်သံလွင်လွင်လေးကို ကြားလိုက်ရလေသည်။
တကူးတက နားထောင်နေမိတာမဟုတ်ပေမဲ့ နီးကပ်လွန်းသောကြောင့် တဖက်ဝိုင်းမှ စကားပြောသံကို အတားအဆီးမရှိကြားနေရသည်။
"ငါ အတန်းမလစ်ဖူးဘူးလေ အဲတော့ဒီခံစားချက်ကို ငါဘယ်သိမှာလဲ.."
"ခုတော့ သိပြီဟုတ်??"
"သိပြီ ဟီး...ပျော်စရာကြီး၊လူတွေလည်းအများကြီး လေလေးတဖြူးဖြူးနဲ့ တအားကောင်းတယ်"
"ငါပြောပါတယ် ၊ နှိုင်းတုသန်းတင့်တဲ့ကွ မကောင်းတာဆို တခုမှမလုပ်ဘူးဟား..! အေး ကောင်းတာဆိုလဲ ရှောင်တယ်ကွာ"
ယဇ် ထိုစကားကြောင့် နှစ်ခြိုက်စွာ ပြုံးမိသွားသည်။တကယ့်ကလေးတွေ ကျောင်းပြေးတာများ အဟုတ်ကြီးမှတ်နေ။
မှာထားတာ ရပြီမို့ ယဇ် ငုံ့စားနေတုန်းနောက်ကျောဆီမှ အလန့်တကြားထအော်သံကို ကြားလိုက်ရသည်။
"ချာတိတ်"
ထိုခေါ်သံက ပိုပို၏ ဘေးဘက်မှ။
YOU ARE READING
"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ]
Teen FictionBL/Myanmar {Dec12..Feb10-2023}