အပိုင်း ၁၀

317 19 2
                                    

Unicode
(အပိုင်း၁၀)

ဟူး.......

ယဇ် လေပူတချက် မှုတ်ထုတ်အပြီး....

"သူဌေး ဒါလေး"

"ဒါလေးမနေနဲ့ ငါပြန်တော့မယ်"

မရဘူးလေ။ဒီလက်မှတ်က အရေးကြီးတယ်လေ။သူဌေး...သူဌေး!!!!

ဖိုးဇော် နေရာမှာပဲ စိတ်မချမ်းမြေ့စွာ ရပ်ကျန်ခဲ့ရတော့သည်။

တားချင်ပေမဲ့ မတားရဲဘူးဗျ။

ယဇ် အိမ်ပြန်လမ်းက ဒီနေ့မှ ပိုကြန့်ကြာနေသယောင်။

"တီ...တီ!!!"

ကားဟွန်းသံက ယဇ်ရှေ့မှ။

ငါဘယ်ရောက်နေတာလဲ???

အုပ်စုလိုက် စကားဖောင်ဖွဲ့နေကြသောယောကျ်ားလေးများ ။တီးတိုး စာအံနေကြသောမိန်းခလေးများ။

ယဇ် ကားကို လမ်းဘေးချရပ်လိုက်ပြီး ဟိုဟိုဒီဒီ စူးစမ်းကြည့်တော့ ဒဂုံတက္ကသိုလ် ဟူသော ဆိုင်းဘုတ်ကို သွားတွေ့လေသည်။

ထိုစဥ်....

"နှိုင်းတု ဟိုဒါ ၊ဟို ဦးလေးကားမလား ငါတို့နဲ့ အင်းလျားက ဆိုင်မှာတွေ့တာလေ"

ဘုန်းမြတ်စကား မကြားချင်ယောင်ဆောင်ပြီး စာအုပ်ထဲသာ မျက်နှာပြန်အပ်နေလိုက်သည်။

"ဟာ ကြည့်စမ်းပါဆို"

အင်္ကျီစ လာဆွဲသဖြင့် နှိုင်းတု ဖြတ်ရိုက်ပစ်လိုက်သည်။

"အသာနေစမ်း ဘုန်းမြတ်ရာ ၊မဟုတ်တာတွေ လျှောက်ပြောမနေနဲ့"

ဟုတ်ပါတယ်။ဘုန်းမြတ် အမှတ်မမှားဘူးဆို BMW ကားအဖြူနဲ့ ၊ကားထဲက ငွေရောင်ဆံပင်နဲ့လူက အဲ့ဒိဦးလေးပဲ။

"နှိုင်းတု.... !"

"ဘာလဲဟာ ငါအိပ်နေတယ် ၊ မင်းမပြီးနိုင်သေးဘူးလား အဲ့ဦးလေးက တို့အဖေလောက်ရှိတယ် အဲ့အရွယ်ကြီးက တက္ကသိုလ်ကို ဘာလာလုပ်မှာလဲ"

နှိုင်းတုက မကြည့်ပဲ သူ့အမြင်ကိုပြောလာသည်။မနေနိုင်သည့် ဘုန်းမြတ်ကပဲ...

"မင်းနေခဲ့ ငါသွားမေးဦးမယ်"

နှိုင်းတု လက်သာ ရမ်းပြလိုက်ပြီး ဆက်အိပ်နေလိုက်သည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now