အပိုင်း ၈

290 20 1
                                    

Unicode
(အပိုင်း၈)

ပိတ်ရက်မို့ ပိုပို ဖေဖေတို့နှင့် အချိန်ကုန်သည်။ဖေဖေ့ရဲ့ မီးဖိုချောင် ဝင်ကူ။ဖေသော့်ရဲ့ အိမ်သန့်ရှင်းရေး သွားကူ။အမှန်က ကူတာမဟုတ်ပဲ လိုက်ရှုတ်တာပါ။

"ကဲပါ သားရယ် ဖေသော် လုပ်ပါမယ် သွားတော့သွား ခြေလက်ဆေးပြီးအင်္ကျီလဲပစ်လိုက်"

"ဟာ ပိုပို ကူချင်လို့ပါဆို"

"ဖေသော်ရှိနေရင် သားဘာမှလုပ်စရာမလိုဘူး ၊ ပင်ပန်းတာရော သက်သာတာရော လုံးဝပဲ"

"မရှိရင်ရောဟင်"

သော် စကားမှားသွားပြီ။

"သားရေ ပိုပို..ဧည့်သည်ရောက်နေတယ်!!!!"

အော်သံကြောင့် စကားစပြတ်သွားသည်။သော် အချိန်မှီပင် သားလက်ကိုဆွဲပြီး ပွေ့ဖက်လိုက်သည်။

"ဖေသော် သားကိုချစ်တယ် ၊ သားနဲ့တသက်လုံးမခွဲဘူး ၊ ဘယ်သွားသွား အပါခေါ်မှာ ok"

"kk"

ပိုပို ရွှင်မြူးစွာပဲ လှေကားမှပြေးဆင်းခဲ့လိုက်သည်။

"ဟာ ယနွေ ၊ နှိုင်းတု ၊ ဘုန်းမြတ်"

"ဘယ်လိုလဲ အံ့သြသွားလား???"

နှိုင်းတု အမေးကို ပိုပိုမဖြေသေးပဲ မီးဖိုဖက်ဆီ ကဲကြည့်နေသော ယနွေအား....

"ငါက ဒီမှာ ယနွေ ၊မီးဖိုခန်းမှာ မဟုတ်ဘူး"

ထိုအခါမှ ရှက်ကိုးရှက်ကန်းဖြင့် လက်မောင်း ထကုတ်လေသည်။

"မင်း..!"

ယနွေ ထိုလူနှင့် ရင်းနှီးချင်သည်။ဖြစ်နိုင်ရင် စကားတွေ အကြာကြီး ပြောချင်သည်။ရင့်ကျက်တဲ့အပြုံးကို တသက်လုံးငေးချင်သည်။

သို့သော်...သို့သော်!!!

fall in love ဖြစ်နေသော သူငယ်ချင်းသောက်ချောကြီးအား နှိုင်းတုတို့မှာ ကြည့်ပြီး မရယ်ရက်။မစရသေးတဲ့ into မှာတင် the end ဖြစ်နေသည့်အဖြစ်။

"ဟေ့ ဟေ့ "

နှိုင်းတု လက်ခုပ်သံကြောင့် ယနွေ သတိပြန်ကပ်လိုက်ပြီး...

"ဒီနေ့စနေ ၊ ပိတ်ရက်မှာ ငါတို့တယောက်အိမ် တယောက်လိုက်လည်ကြမယ် ဘယ်လိုလဲ"

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now