အပိုင်း ၃၈

232 12 10
                                    

Unicode
(အပိုင်း၃၈)

သုံးရက်..။

သက်ထက်ပို တစ်ယောက် ဆုံးပါးသွား ခဲ့တာ သုံးရက်။ထိုသုံးရက်လုံး ယဇ် ကဘယ်ကိုမှ ထွက်မသွားခဲ့။ယုတ်စွအဆုံး ရေမသောက် ၊ အစာပင်မစား။မည်သူလာတွေ့တာမှ လက်မခံခဲ့သလို မည်သူ့ကိုမှလည်း စကား တစ်ခွန်း ပြန်မပြောခဲ့။

"ငါတို့ လက်လွှတ်လိုက်ရအောင် ယဇ်"

ထိုစကားက ဘယ်နှစ်ကြိမ်မြောက် ပြောနေခဲ့မှန်း ကိုယ်တိုင်တောင်မသိ။ဆရာဝန်တစ်ယောက်မို့ လူနာသေသလားရှင်သလား ခွဲခြားတတ်ပါသည်။အသက်မရှူ၊အေးစက်နေသော လူတစ်ယောက်သည် အဘယ်မှာအသက်ရှင်သူ ဖြစ်ပါအံ့နည်း။

"သြရ မင်းကြည့်လိုက်ဦး၊ငါလက်စတွေသွားဖြတ်လိုက်ဦးမယ်"

မိမိလည်း သြရကိုသာ အပ်ခဲ့လိုက်ပြီးအမှုအတွက် ဖြေရှင်းပေးရန်သာ ထွက်ခွာခဲ့လိုက်တော့သည်။နောင်က နာရေးကူ၊သြရက company ကူနဲ့ ဘေးလူဖြစ်တဲ့ ကိုယ်တွေသာ မကူညီရင် အားလုံးဖရိုဖရဲဖြစ်ကုန်တော့မှာ။

---

"မင်းလက်ခံလိုက်တော့ သူငယ်ချင်းရာ၊ မင်းခုလိုဖြစ်နေတာ နားလည်ပေမဲ့ ကြာရင် အဆင်မပြေဘူးလေကွာ နော်၊ စိတ်ဖြေပါ ယဇ်ရာ"

သြရမောင် ရလိုရငြား နားချမိပြန်သည်။တဖက်မှာ အငိုမတိတ်နိုင်သေးခင် ဒီဘက် တခုက ပိုတိုးလာပြန်သည်။သြရ ကြားထဲက ကြားမိသူတောင် စိတ်မကောင်း။

ဖိုးဇော်အတွက် နှမြောတသရှိပေမဲ့ ဒီကလေး မိသားစုကိုတော့ သြရ အလွန်ပင် ယူကြုံးမရ ဖြစ်မိသည်။ အပြစ်မရှိပါပဲ ​ကံကြမ္မာရဲ့ ရက်ရက်စက်စက် နင်းချေခြင်းကို ခံလိုက်ရတာ။တူဝရီး နှစ်ယောက်လုံး တစ်နေ့ထဲမှာ ဆုံးပါးသွားကြတာ။ယဲ့ယဲ့သာ ကျန်ရစ်ခဲ့တဲ့ ကိုရှင်းခန့်ကိုလည်း ကိုယ်ချင်းစာမိပါသည်။

"ယဇ် ..ကလေးကို သူ့မိသားစုလက်ထဲ ပြန်ထည့်လိုက်တော့နော်"

ယဇ် အေးစက်နေသော လက်ဖဝါးလေးကိုသာ ရူးမိုက်စွာ ဆုပ်ကိုင်ထားမိသည်။ဘယ်သူတွေ ဘာပြောပြော ယဇ်၏ အသည်း အသက်ကတော့ သူ့ကိုမပြောမဆိုနဲ့ ထားသွားမှာမဟုတ်။
နောက်ဆုံး နှုတ်ဆက်ခဲ့တုန်းကတောင် ယဇ်ကို နမ်းရှိုက်ခဲ့သေးတာလေ။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now