Unicode
(အပိုင်း၂၅)ပိုပို အဝတ်အစားတွေ lagguage ထဲ ထည့်နေတုန်း ဦးနောင် ဆီမှ ဖုန်းဝင်လာခဲ့သည်။
"hello"
"ပြန်ပြီနော် အိပ်ရေးဝဝအိပ် ၊ seeyou"
အိမ်လာတာတောင် မတွေ့ရဘူး။
end call ဖြစ်သွားတဲ့ ဖုန်းကို အလိုမကျစွာ လွှတ်ပစ်လိုက်ပြီး ထည့်စရာရှိတာ ဆက်ထည့်နေလိုက်သည်။မှတ်ပုံတင် ဘာညာမှအစ ဖေသော်က အားလုံးပြင်ပေးထားသည်။
ကျောင်းပျက်ပြီးသွားရမှာမို့ ဖေဖေကသိပ်မလွှတ်ချင်၊ဖေသော် ကတော့ နှိုင်းတုတို့ရော ဦးနောင်ပါ ပါသည်မို့ သွားစေချင်သည်။
နောက်ဆုံး ပန်းချီဆွဲဖို့လိုအပ်သည့်အရာများ မကျန်ခဲ့စေရန် တစ်ခုချင်းစီထည့်လိုက်သည်။ဖတ်နေကျစာအုပ်လေးကတော့ မပါမဖြစ်ပေါ့။
Flight က မနက်စောစောမို့ ခုည ညဥ့်နက်ထိ မနေပဲ အိပ်ရမည်။ အိပ်ယာပေါ်လှဲမိခိုက် မနက်က ကိစ္စကို ပြန်တွေးဖြစ်သည်။
ဟွန်း...သေမဲ့ပိုပို။မင်းရူးနေလား။သေမလို့ အဲ့လိုလုပ်ရလား။
ကိုယ့်ကိုကိုယ် ကျိန်ဆဲနေတုန်း ဖေသော်၏ ချိုလွင်လွင် အသံလေးကိုကြားလိုက်ရလေသည်။
"သားရေ..!"
"ဗျာ...သားရှိတယ်..!! ၊ ဝင်ခဲ့ပါ!!"
သော် စောင်ကို လှပ်ကာ သားဘေးနား ဝင်လှဲလိုက်၏။ချက်ချင်းပင် သိုင်းဖက်လာတဲ့ သားလက်လေးကို ပွတ်သပ်ရင်း....
"ဖေသော် သားကို ပြောစရာရှိတယ်"
ခရီးသွားကာနီး ဒီစကားမျိုး မပြောချင်ပေမဲ့ ကိုနောင်နောင်က ဘာကြောင့်မှန်းမသိ ခုည ပြောလိုက်ပါဆို၍။သော်လည်း စိတ်အားတင်းကာ ပြောရန်လုပ်ရတော့သည်။
"ဟုတ်"
"သားမှာ ဖေဖေရှင်းခန့်လိုမျိုး နောက်ထပ် ဖေဖေ တယောက် ရှိနေသေးတယ်"
သော့် လက်မောင်းရင်းဆီ ဖိကပ်သွားတဲ့ မျက်နှာလေးမှာ ဘယ်လောက်ထိ ထိတ်လန့်သွားမလဲ။ဉာဏ်ကောင်းလွန်းသူမို့ အစထဲက ရိပ်မိမှန်း သော်သိပေမဲ့ဟန်ဆောင်ကာ မေ့မေ့ပျောက်ပျောက်နေခဲ့သည်။
YOU ARE READING
"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ]
Teen FictionBL/Myanmar {Dec12..Feb10-2023}