အပိုင်း ၁၈

179 17 5
                                    

Unicode
(အပိုင်း၁၈)

ချိုးချိုးချွတ်ချွတ် အသံများကြောင့် ပိုပို အိပ်ယာမှ နိုးလာခဲ့သည်။ Alarm မှနာရီက 2:15။ဘေးဘက်စမ်းကြည့်တော့ ဖေသော်ကမရှိ။

"ဖေသော်..!"

"အင်း သား"

အသံနှင့်အတူ မီးအိမ်လေးက လင်းသွားခဲ့သည်။

"ဖေသော် မအိပ်ပဲနဲ့ ဘာလုပ်နေတာလဲဟင်.."

ဖေသော်က lotion ဘူးကြီး ကိုင်ထားပြီး ဘောင်းဘီရှည်တဖက်ကလဲ လိပ်တင်ထားသေးသည်။ကြည့်ရတာ ခြေထောက်ကို lotion လိမ်းထားပုံ။

"lotion က မနက်မှလိမ်းလဲ ရတယ်လေ ၊ပွဲက ၁၀ နာရီမှစမှာကို ဖေသော်ကလဲ သက်သက်မဲ့အိပ်ရေးပျက်အောင်"

ပျက်လဲ မတတ်နိုင်ဘူး သားရေ။ဖေသော်မှ အိပ်မရတာ။တကယ်ပါ။အကိုနဲ့လက်ချိတ်ပြီး လူတွေရှေ့ လမ်းလျှောက်ရမှာ သော်တကယ်စိတ်လှုပ်ရှားရသည်။

ပြီးတော့ တရားဝင် စေ့စပ်ကြမှာဆိုတော့ အကို့ကို သော့်ကြောင့်နဲ့ လူအထင်သေးမခံနိုင်ဘူး။ဒါကြောင့် မလှလှအောင် ပြင်နေရတာ။

"အယ် သားပြောနေတာ ကြားရဲ့လားဟင်"

ဖေသော်က ပို့ပို့ကိုကျော်ကာ တဖက်နံရံကြည့်ပြီး ပြုံးနေသည်။တချက်တချက် ခိခိ သံပါ ကြားရသေးသည်။

"ဖေသော်ရေ...!!!"

"ဟမ်"

"ဟမ် မနေနဲ့ အိပ်မယ် ၊ လာ ၊ညဘက်မအိပ်ရင် မနက်ကျ မျက်ကွင်းတွေညိုပြီး မလှပဲနေမယ်"

သားဆွဲခေါ်လို့သာ အိပ်ယာပေါ်ရောက်ခဲ့ရပေမဲ့ မြင်လွှာတွေ မပိတ်အားသေး။အာရုံမှာပေါ်နေသည့် အကို့၏ဖြူလွှလွှအသွင်ကိုသာ ပြန်မြင်ယောင်နေမိသည်။

မနေ့က ဝတ်စုံရွေးတော့ နှစ်ဦးသားအကြိုက် အဖြူရောင်ကိုသာ ရွေးချယ်ခဲ့သည်။အစမ်းဝတ်ပြီး ဓာတ်ပုံရိုက်ကြတုန်းကလည်း အကို့၏ ခန့်ညားတဲ့ပုံစံကို ဆိုင်ဝန်ထမ်းတွေက ချီးကျူးစကားဆိုခဲ့သည်။

သော်က ကြွေရုပ်လေးဆို အကိုကနတ်သား တစ်ပါးတဲ့။သူတို့ပြောတာ မှန်သလိုလိုရှိပေမဲ့ သော့် စိတ်ထဲမှာတော့အကိုက နတ်ဘုရားတပါးထက် တင့်တယ်လှသည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now