အပိုင်း ၃၇

229 16 8
                                    

Unicode
(အပိုင်း၃၇)

"ကလေး..!!!"

နောင့်ကို လျစ်လျူရှူကာ ပြေးထွက်သွားသော ကလေးငယ်။

"ဘယ်လိုလဲ နောင်တသက်နိုင်"

ခွပ်...

နောင် ခံပြင်းစိတ်ကြောင့် ယဇ်မျက်နှာတည့်တည့်ကို ထိုးချလိုက်သည်။ထိုအခါယဇ်က မချိပြုံးပြုံးကာ ဟက်ကနဲရယ်လေ၏။

"တောက်..!ရီဦး"

ဆင့်ကဲ ဆင့်ကဲ လက်သီးချက်ကြောင့် ယဇ် တုံ့ပြန်ချိန်မရ။ စိတ်ဆိုးခဲသော သူငယ်ချင်းကြောင့်လဲ အံ့သြတာကတပိုင်း။

"နောင်ကြီး..!"

"မခေါ်နဲ့ဟေ့ကောင် ၊မင်းအဲ့နာမယ်မခေါ်နဲ့"

ယဇ် ပါးစောင်ကို လျှာနှင့်ထိုးပြီးငန်ကျိကျိ အရသာကို ခံစားလိုက်ပြီးကိုယ်နေဟန်ကို တချက် ထိန်းလိုက်သည်။

"မင်း.. ငါ့ကို ထိုးတယ်ပေါ့"

"အေး ထိုးရုံမကဘူး သတ်ကိုပစ်ချင်တာရှင်းလား မင်းကွာ လုပ်ရက်တယ်၊ကလေးကို ဖျက်စီးချင်တိုင်း ဖျက်စီးပြီးမှ..."

နောင် ပင့်သက် တချက်ရှိုက်လိုက်ပြီး...စိတ်ကို လျှော့ချလိုက်သည်။

"ငါ သြရကို ပြောခဲ့တဲ့ အချိန်တုန်းက ကလေးမရှိသေးဘူး ယဇ် ၊ သူ့အိမ်ကမင်းနဲ့ သဘောမတူနိုင်မှန်းသိလို့ ငါအခြေနေကို ထိန်းပေးလိုက်တာ၊ပြီးတော့ သြရက မင်းတို့အကြောင်းကိုမသိသေးဘူးလေ"

နောင် လက်ထဲမှာ အသင့်ရှိနေသော USB လေးကို ယဇ်ထံ ပစ်ပေးလိုက်သည်။ရက်စက်ကြမ်းကြုတ်တဲ့ မြင်ကွင်းတွေ၊စက်ဆုပ်ရွံ့ရှာဖွယ်မြင်ကွင်းတွေ.. ။

"ဒါက မင်းကို ပြောပြပေးမှာပါ"

နောင့် ခြေဦးသည် မြတ်နိုးသူ ရှိရာသို့သာ။နောင်တွေးခဲ့တာက အခြေနေကို ယဇ်သာလက်ခံမယ်ဆို နောင် လက်လွှတ်လိုက်တော့မယ်ပေါ့။

ခုတော့ ဘာမျှကို မမှတ်မိသော အခြေနေ။

-

ပြေးထွက်ခဲ့သော ခြေလှမ်းတွေက ဦးတည်ရာ ကင်းမဲ့လျက်။ခြေဗလာနဲ့ ပလက်ဖောင်းမှာ လျှောက်နေရင်း လက်ထဲက ငွေအနွမ်းလေးတွေကို ရေကြည့်လိုက်သည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now