အပိုင်း ၂၂

170 11 4
                                    

Unicode
(အပိုင်း၂၂)

ပိုပို ကျောပေးထားထည့် တဖက်မှာ ဖေသော်က တလှုပ်လှုပ်တရွရွ။တညလုံး လူးရင်း လှိမ့်ရင်းဖြင့်သာ သက်ပြင်းတွေချနေခဲ့တာဖြစ်သည်။တချက်တချက် ရှိုက်သံတိုးတိုးလေးပါ ကြားရသေးသည်။

ပိုပို တမင် ကျောကို ဖက်ပေမဲ့ မသိမသာ ဖယ်ခွာကာ ပြန်သိပ်ပေးသည်။ပိတ်မထားသည့် ပြတင်းဆီထထသွားပြီး ကြည့်တာကလဲခဏခဏ။

ခင်ဗျားမှာ လူစိတ်ရောရှိသေးရဲ့လား ဦးယဇ်ပလ္လင်။ခင်ဗျားအကြောင်းသိရလို့ သနားမိတာ နောင်တရတယ်။

ဖေသော် ခံစားရသလို ခင်ဗျားကြီးလဲခံစားနေရပါစေ....!!!!။

ကျိန်ဆဲခံရသည့် တဖက်လူမှာတော့ အိပ်ယာထက်ဝယ် နာကျည်းစွာ ပြုံးရယ်နေခဲ့၏။

ပုံမှန်မြည်နေကျ နှိုးစက်က ၆ နာရီမှာဆူညံလို့နေသည်။အိပ်ပျော်သွားတာ မိနစ်ပိုင်းမျှသာ ကြာသေးသည်မို့ ပိုပို နှိုးစက်ကို ကပြာ ကယာ ထပိတ်လိုက်ရသည်။

ဒီနေ့တော့ မနက်စာငတ်ဖို့ 100% သေချာသွားပြီ။ကျောင်းပိတ်ရက်မို့ အပြင်မထွက်ဘူး လုပ်ထားတာ ခုတော့ထွက်ရပေဦးမည်။ကိုယ်ငတ်တာ ကိစ္စမရှိပေမဲ့ ဖေသော်အတွက်က မဖြစ်မနေပြင်ပေးရမည်။

အောက်ခြေသိမ်း လုပ်ပေးတဲ့သူအိပ်နေတော့ မျက်နှာသုတ်ပုဝါမှအစ ဘယ်နားထားမှန်းမသိ။တနေ့တထည် အသစ်ထုတ်ပေးမှန်း သိပေမဲ့ ဘယ်ကထုတ်လာမှန်းမသိ။

ဟူး......!!!

ဖေသော်သာ ဟိုအိမ်လိုက်သွားရင် ငါတော့ ဒုက္ခရောက်တော့မှာပဲ။မဖြစ်ပါဘူး...ဒီနေ့ကစ ကိုယ့်အားကိုယ်ကိုးတော့မယ်။

မနက်စာပြင်ရမယ်ဆိုတော့ မီးဖိုချောင်သွား....။ရောက်ပြီဆိုရင်ရော ဘာလုပ်ရမှာလဲ။ထမင်းချက်ရမှာလား..??ရေနွေးအိုး တည်ရမှာလား..??

ထမင်းချက်မယ်ဆိုတော့ ဘယ်နှလုံးလဲ??ရေကရော အပြည့်ထည့်ရမှာလား..??

ဟုတ်တယ်။ဒီတိုင်းပဲ ဖေသော်ဆိုဒီလိုပဲလုပ်တာ။

ကြားဖူးနားဝအတိုင်း လုပ်လိုက်တာ ထမင်းအိုးတစ်လုံးတော့ ပေါင်းအိုးထဲရောက်သွားပြီဖြစ်သည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Kde žijí příběhy. Začni objevovat