Unicode
(အပိုင်း၁၅)နေ့ရက်များကို တည်ငြိမ်စွာ ဖြတ်သန်းရင်း ညနေတိုင်းကို နောင် အပျော်များ နှင့်သာ ကုန်ဆုံးခဲ့သည်။
သည်နေ့လဲ ကောင်လေးက ဂစ်တာလေးကိုင်ပြီး ရောက်လာဦးမည်။
"ဦးနောင်ရေ...!"
ဟော မျှော်လင့်နေသူလေး ကြွမြန်းလာပါပြီခင်ဗျ။ပုဆိုးလေးနဲ့ ရှင်းသန့်နေတဲ့ ထိုကောင်လေးက နောင် အမြတ်တနိုးငေးမောမိတဲ့ သက်ရှိ ပန်ချီကားလေးရယ်ပါ။
"နောင်ကျနေတာ"
တံခါးဝဆီမှ အသံသဲ့သဲ့လေး ကြားသည်ဆိုရင်ပဲ နောင်တို့မှာ ပြာယာခတ်နေရစမြဲ။
"စောင့်နေပါတယ်ဗျ ဘယ်လိုလဲ ဒီနေ့ရော အတန်းချိန် အပြည့် တက်ခဲ့ရဲ့လား"
"တက်ပါတယ် ဦးနောင်ရဲ့"
ကောင်လေးက ဂစ်တာတီးသင်ချင်တယ် ဟုဆိုကာ ကျောင်းဆင်းချိန် ညနေတိုင်း ဆိုင်လာပြီး နောင့်ဆီလာသင်သည်။မိမိမှာ ကော်ဖီတိုက်ရ ၊ အတီးသင်ရနဲ့ အလုပ်တွေလဲပျက်လှပေါ့။
သို့ပေမဲ့ စျေးတွက်မတွက်ပဲ နှလုံးသားနဲ့တွက်လျင်တော့ ဒီကိစ္စက အမြတ်ကြီးစားရတဲ့ လုပ်ငန်းပေ။မျက်ဝန်းတွေခဏတိုင်းငေးခွင့်ရသလို နူးညံ့တဲ့လက်ချောင်းလေးတွေ ထိခွင့်ရှိတယ်လေ။ကံကောင်းရင် ရယ်သံချိုချိုလေးတောင် နားဆင်နိုင်သေးတယ်။
"ဟာ ဦးနောင် ၊ ဘာကြောင်ကြည့်နေတာလဲ နောက်ကျနေပါတယ်ဆို"
ချဥ်စူးစူး အသံလေးကြောင့် နောင့်မှာအတွေးစတို့ တဝက်တပျက်။
"အေးပါကွာ ဒီနေ့တော့ ဦးနောင်တို့အချောသပ်ကြတာပေါ့"
"thanks"
သူကြိုက်တဲ့ Espresso လေးတခွက်နှင့်အတူ ထိုင်နေကျ စားပွဲလေးမှာ နောင်နေရာယူမိသည်။
"ဦးနောင်က ပို့ပို့နေရာကိုပဲ ဦးအောင်ထိုင်ထိုင်နေ"
"စတာပါဗျာ ၊ ကဲပါ အိမ်ပြန်နောက်ကျနေမယ် စရအောင်"
သူတီးချင်ပါသည် ဆိုသော သီချင်းတစ်ပုဒ်ကိုပဲ အလွယ်ရအောင် သင်ပေးရတာက လက်တွေ့မှာသိပ်မလွယ်။Note ရသည်ဆိုစေဦးတော့ လက်ကွက်ကျ ခဲယဥ်းလှသည်။ပိုဆိုးတာကသူ့လက်လေးတွေက ကြိုးကို တင်းတင်းရင်းရင်းမဖိနိုင်။
YOU ARE READING
"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ]
Teen FictionBL/Myanmar {Dec12..Feb10-2023}