Unicode
(အပိုင်း၁၄)အဲ့ဒိနေ့က အိမ်ပြန်ချိန်မှာ တိတ်တိတ်လေး ပြန်ပေးသွားသည့် စာအုပ်လေး။ "ဒီမှာ လူကြီးရဲ့ စာအုပ် Christmas present အဖြစ် ပြန်ပေးမယ်နော်''ပြောပြီး အပြေးလေး အိမ်ထဲဝင်သွားသည်။
ယဇ် ထိုစာအုပ်ကို ရင်ဘတ်ပေါ်တင်ကာ အတိတ်ဆီ ပြန်ပြောင်းတွေးမိသည်။သို့သော် မအောင်မြင်လိုက်။
ကတောင်...
Message သံကြောင့် ပျက်ပြယ်သွားတဲ့ အတွေးကို ပြန်အစမဖော်တော့ပဲ သော်တို့အိမ်ဘက် ကူးခဲ့သည်။
"အကို မနိုးသေးဘူးထင်လို့ စာပဲပို့လိုက်တာ လာ မနက်စာ စားရအောင်"
တဖွယ်တရာ ပြင်ဆင်ထားသော အစားအသောက်များက ယဇ်ကို နည်းနည်းလေးမှ စားချင်စိတ်မရှိစေ။
"သော် မုန့်ဟင်းခါးမချက်ဖူးလို့ စမ်းထားတာအကိုရေ ၊ အဲ့ဒါအကို့ကိုလည်း စားစေချင်တာနဲ့ လှမ်းခေါ်လိုက်တာ၊စားရမှာတော့ သော်နဲ့အကို ပဲရှိတယ် ဟိုသားအဖကတော့ အဝတ်ဝယ်တဲ့ မိုးမလင်းထဲက ထွက်သွားလေရဲ့ သူ့ဘောင်းဘီ အရှည်တွေက ကျပ်ကုန်လို့တဲ့လေ"
သော် က ရွှင်ရွှင်မြူးမြူးပင် မုန့်ပွဲပြင်ပြီး ချပေးလာသည်။
"စား အကို"
"အင်း"
စားသာ စားနေတာ ယဇ် ခံတွင်းမတွေ့။သော်ကတော့ သူ့လက်ရာက ကမ္ဘာကျော်စားဖိုမှူး တယောက်၏ လက်ရာအလား ထင်မှတ်ကာ ခေါင်းမဖော်တမ်းစားနေသည်။
"ကိုယ် သိပ်မဆာလို့သော်"
"ဟင်"
အကို့ ကြည့်ရတာ အားမရလိုက်တာ။ဘာဖြစ်လို့ပါလိမ့်။
"ဖေသော်ရေ...!!!"
အပြေးတပိုင်း အော်ဝင်ခဲ့ပေမဲ့ ထမင်းစားခန်း အဝမှာတင် ပို့ပို့ခြေလှမ်းများ တန့်သွားရသည်။အကြောင်းမှာ အကြည့်စူးစူးများနှင့် တကိုယ်လုံး ဝါးမြိုသွားမတတ် လှမ်းကြည့်နေသူကြောင့် ။
"ဖေသော်"
"မြန်လိုက်တာ ဘာတွေဝယ်လာလဲနော့ ၊ဖေဖေရော ဘယ်ကျန်ခဲ့လဲ"
"ဖေဖေက ယနွေ့အမေနဲ့တွေ့လို့ စကားပြောကျန်ခဲ့တယ် အဲ့ဒါမစောင့်ချင်တာနဲ့ taxi ငှားပြန်လာတာ"
YOU ARE READING
"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ]
Teen FictionBL/Myanmar {Dec12..Feb10-2023}