အပိုင်း ၃၆

239 13 5
                                    

Unicode
(အပိုင်း၃၆)

သော် ပြတင်းဆီ မျက်နှာမူထိုင်ကာ ဖိတ်စာလေးကို လက်ညှိုးလေးနှင့် ရှေ့တိုးနောက်ဆုတ် ကစားရင်း ငိုင်နေမိသည်။

အကယ်၍သာ သော်တို့ လက်ထပ်ဖြစ်ခဲ့ရင် ဒီနေ့က တလပြည့်တဲ့နေ့။အစွဲအလမ်း ကြီးလွန်းတာ မဟုတ်ပေမဲ့လွယ်လွယ်နဲ့ မေ့လို့မရတာကလည်း အမှန်ပဲဖြစ်နေသည်။

"ညီညီ"

မတိုးမကျယ် အသံသာသာက သော့် အတွေးစကို ဖယ်ထုတ်သွားလေ၏။သော် ကိုကို့ဆီ ရီဝေစွာ လှည့်ကြည့်မိသည်။ကိုကိုက စိတ်ရှုတ်ထွေးစွာဖြင့် စာအိတ်လေးကို မြှောက်ပြလာသည်။

လေပြင်းကြောင့် လှိုင်းထသွားသော ကန်ရေပြင်သည် တည်ငြိမ်လုပြီဟု ထင်ခဲ့မိသည်။အမှန်က ထိုသို့မဟုတ်။

"သော် ခန့်မှန်းတာ မှန်နေတယ်ပေါ့"

ကိုကိုသည် စာအိတ်လေးကို သော့်လက်ထဲ ထည့်ပေးလာပြီး သော့် ပုခုံးစွန်းတွေကိုဆုပ်ကိုင်လာသည်။ထိုလက်တွေမှာ အတန်အသင့် အားပါနေခဲ့ပြီး တခုခုကို စိုးရွံ့ထိတ်လန့်နေခဲ့ဟန် ချွေးစေးတို့ထွက်နေခဲ့၏။

"ကိုကိုတို့ ဘာဆက်လုပ်ကြမလဲ"

အသံက အားပျော့လွန်းနေပြီး ဘေးထိုင်ခုံမှာ ဝင်ထိုင်လိုက်ပုံမှာလည်း တလောကလုံး အရှုံးပေး လိုက်သလိုမျိုး ခြေကုန် လက်ပမ်းကျနေသည့်ပုံ။သော်လည်း ထို့အတူပါပဲ။စာအိတ်လေးကို သော် ကြည့်ဖို့ အင်အားပင်မရှိ။

"ဒီတခါလည်း သော် လူမိုက် လုပ်ပါရစေကိုကို ၊ အရင်က သော်လုပ်ခဲ့တဲ့အပြစ်က သားအပေါ် မတရားသလိုဖြစ်ခဲ့လို့ ခုထိတောင် လိပ်ပြာမလုံဘူး ဒါပေမဲ့ မျက်စိမှိတ်ပြီးလဲ မနေနိုင်ဘူး"

သော် ပြန်တွေးကြည့်ရင် ခုထိ သွေးပျက်နေတုန်း။ဆေးရုံမှာတုန်းက သားပြောတဲ့စကား ကြားကြားချင်း သော် လုံးဝ ရူးတော့မလို။မွေးမလာခဲ့သင့်ဘူးဆိုတဲ့ စကားက ရင်ကိုမြှားအစင်း ၁၀၀ ပစ်ခံလိုက်ရသလိုပဲ။

ကိုကို့ဗိုက်ထဲမှာ ကိုယ်ဝန်ဟု အမည်တပ်ခဲ့သည့် ရေမြှုပ်အုံလေးကို သော် ဖျက်စီးပစ်ဖို့ လုပ်ခဲ့သည်။ခွဲထုတ်ပစ်ဖို့ အားလုံးစီစဥ်ပြီးမှ မမကြီးပြန်ရောက်လာခဲ့လို့ ဘာမှမလုပ် ဖြစ်လိုက်တာ။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now