အပိုင်း ၁၃

246 20 0
                                    

Unicode
(Merry Christmas)

ယနွေ မရှိသော ခရစ်စမတ်က ယခင်နှစ်များနဲ့ မတူပဲ ခြောက်ကပ်တိတ်ဆိတ်နေသည်။နောင် လျှောက်လှမ်းနေသည့် ရပ်ကွက် လမ်းတလျှောက်ရှိ အိမ်တိုင်းလိုလိုမှာ ခရစ်စမတ် သစ်ပင်များ ဆင်ယင်ထားကြလေသည်။

တချို့က ခြံတံခါးတည့်တည့်မှာ။တချို့က လမ်းအလယ်မှာ။

"ဒီနှစ်တော့ ဦးငယ် တယောက်ထဲ ရှိလိမ့်ဦးမပေါ့"

ထိုစဥ် နောင့် ဘောင်းဘီအိတ်ထဲမှ ph လေး မြည်လာခဲ့သည်။

"hello ကိုရှင်းခန့်"

"....."

"လာခဲ့မယ်လေ"

နောင် အိမ်ပြန် ကားမယူတော့ပဲ taxi ငှားကာ ကိုရှင်းခန့်တို့ အိမ်ဘက် လှည့်ခဲ့သည်။ထိုအိမ်ရောက်တော့ အိမ်ရှိလူကုန် အိမ်ရှေ့မှာ ထိုင်နေသည်ကို နောင်တွေ့လိုက်ရသည်။

"ဘာလုပ်နေကြတာလဲဗျ"

"လာဟေ့ နောင်နောင် ၊အားတော့နာတယ်ကွာ ဒီမှာ​လေ သားက မင်းဆီ လာချင်လို့တဲ့ ၊ သူငယ်ချင်းတွေခေါ်ပြီး မင်းတို့အိမ်မှာခရစ်စမတ်ပွဲ လုပ်ချင်လို့တဲ့လေ ၊ အိမ်မှာလုပ်ပေးပါ့မယ် ဆိုတာကို ဘယ်လိုမှ ပြောမရဘူးအဲ့ဒါ မင်းကို ချည်း အော်ခေါ်နေတာ "

"ဟုတ်လား??"

နောင် မြက်ခင်းပေါ် ခြေဆင်းထိုင်နေသူနား သွားလိုက်ပြီး...

"ပြောပါဦး ၊ ဦးလေးအိမ်မှာ ဘာလို့လုပ်ချင်ရတာလဲ"

ပိုပို မျက်ရည်များကို မျက်တောင်များဖြင့် တဖျတ်ဖျတ်ခတ်ကာ သိမ်းဆည်းလိုက်သည်။ဒါမှ သနားပြီး ခေါ်သွားမှာလေ။

"ယနွေ မရှိပေမဲ့ ၊ သူ့အငွေ့အသက်တွေ ရှိနေတဲ့ အဲ့အိမ်မှာ ဆုတောင်းပွဲလုပ်ချင်တာ၊ပြီးတော့ ဦးနောင်သီချင်းဆိုတာနားထောင်ချင်လို့"

နောင် မျက်ခုံးပင့်လျက်ပင် နှစ်ခြိုက်စွာပြုံးမိသွားရသည်။ကောင်လေးက နောင့်အသံ ကြားချင်သည်ဆိုပဲ။ပိုရင်းနှီးလာတဲ့ ပတ်သက်မှုတွေအရ အခေါ်အဝေါ်ပင် ပြောင်းသွားပြီ။

"ဦးနောင် ခေါင်းငြိမ့်လိုက်ရင်.. "

"ပိုပို ပျော်တာပေါ့"

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now