အပိုင်း ၂၇

170 15 13
                                    

Unicode
(အပိုင်း၂၇)

ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၆၀၀၀ ကျော်လာသည်နှင့်အမျှ ကားလေးသည် နိမ့်ဆင်းသွားလေ၏။ထို့အတူ ရာသီဥတုက အနည်းငယ်ပိုနွေးလာသည်။

မကြာခင် မဏိပူရမြစ် စီးဆင်းနေတဲ့ မဏိပူရချိုင့်ဝှမ်းကို ရောက်တော့မှာပဲ။ဒီချိုင့်ဝှမ်းကိုကျော် မဏိပူရမြစ်ကိုဖြတ်ပြီးရင် နောင်တို့နားမည့် ဖလမ်းကိုရောက်တော့မည်။

နောင့် ပေါင်ပေါ် ပါးအပ်အိပ်နေသည့် ကောင်လေးကို...

"ပိုပို ခဏလောက် ထဦး"

မျက်လုံးမဖွင့်ပဲ ပါးစပ်ကသာ "အွန်း"လာသည်။

"ဗားရ် တံတား ဖြတ်နေပြီ"

"ဗားရ်တံတား ၊ သြော် မဏိပူရကို ဖြတ်တဲ့ ကြိုးတံတား"

အိပ်ချင်မူးတူးဖြင့် ရောယောင်ကာ လိုက်ပြောနေ၏။မှေးစင်းနေသော မျက်လုံးများကို ပြူးပြဲကာ ကုန်းကြည့်လာ၏။

ရေတိမ်ပြီး ကျောက်စရစ်ခဲလေးတွေ မြင်ရတဲ့ ဒီမဏိပူရမြစ်သည် အိန္ဒိယနိုင်ငံ မဏိပူရနယ်မှ စီးဆင်းလာသော မြစ်ဖြစ်သည်။ထိုမြစ်သည် တီးတိန်၊တွန်းဇံ ဖလမ်းတို့ကိုဖြတ်ပြီး စစ်ကိုင်းတိုင်း အတွင်းသို့ စီးဆင်းသွား၏။

တောင်ကြို တောင်ကြားမှ စီးထွက်လာသော ရေကြည်ကြည်သည် တောင်ကြိုတောင်ကြား ထဲသို့ပင် ပြန်လည်စီးဝင်သွားသည့် ပုံရိပ်သည် နောင်တို့ချင်းပြည်နယ်မှာပဲ တွေ့မြင်နိုင်သည်။

နွေဦးအစ နေ့လယ်ခင်း နေခြည်ကသိပ်မပူပြင်းသော်လည်း အလင်းအားကလွန်စွာမှ အားကောင်းလေသည်။ကျော်ဖြတ်ခဲ့သော မြစ်သည် နေရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်ကို နောင် လည်ပြန်ကြည့်မိခဲ့ပါသည်။

-----------

မှောင်ရီပျိုးစအချိန် ဆေးရုံ အခန်းတစ်ခု အတွင်းဝယ်။

"အကို သက်သာလားဟင်၊အဆင်မပြေလဲ နက်ဖြန်မှ သွားရအောင်လေ"

အကိုက သော့်စကားကို မကြားသည့်နှယ် ဆေးရုံအဝတ်ကိုသာ လဲလှယ်နေသည်။မျက်ဝန်းတွေက ရီဝေကာအကြာကြီးငိုထားပုံ။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now