အပိုင်း ၃၉

254 18 0
                                    

Unicode
(အပိုင်း၃၉)

အိပ်မပျော်သူအဖို့ ညတာများဟာ ရှည်လျားလွန်းခဲ့ပါသည်။ယဇ် အိပ်ယာထက်ဝယ် လူးလွန့်ရင်း အသက်ကိုလွမ်းဆွတ်မိသည်။နင့်နေအောင် တမ်းတမိတဲ့ အချိန်တွေမှာ ညတာက အဆိုးဆုံး။

လွမ်းလိုက်ရတာ အသက်ရယ်။

သူ့အငွေ့အသက်လေးတွေ ကိန်းအောင်းနေတဲ့ ပြာလဲ့လဲ့ အခန်းကျဥ်းလေးထဲမှာ ယဇ် အိပ်စက်နေခဲ့တာ ရက်ပေါင်းမနည်း။တခါတရံ သူထိုင်နေကျ ကျောက်ထိုင်ခုံလေးမှာလဲ ယဇ်သွားထိုင်မိပါသည်။

နေ့စဥ် ရက်ဆက်မပျက်ကွက်ခဲ့သည်ကတော့ သူ့လက်နဲ့ ထိတွေ့ဖန်များခဲ့တဲ့ ပန်းချီစာအုပ်လေးတွေ၊ကျောင်းသုံး စာအုပ်လေးတွေကို နမ်းရှိုက်ရသည့်အလုပ်။အဲ့ဒါကညခင်းအမှုကိစ္စတွေ။

မနက်ခင်းဆိုလျှင်တော့ အဝတ်အစားတွေကို ပွေ့ဖက်မိသည့် ကိစ္စတစ်ရပ်။ရူးနှမ်းသည်ပဲ ဆိုစေဦးတော့ သူခြေချခဲ့ရာ ခြေသုတ်ဖျာလေးကိုတောင် ယဇ်တယုတယ သိမ်းဆည်းထားမိတုန်း။

ဒေါက်...ဒေါက်

တံခါးခေါက်သံကြောင့် ယဇ် ထဖွင့်ပေးလိုက်သည်။

"မင်း မအိပ်သေးမှန်း သိလို့ ငါလာခဲ့တာ"

"ဝင်လေ"

သြရ ထိုင်ခုံတစ်လုံး ဆွဲယူပြီးထိုင်လိုက်သည်။ထို့နောက် ဖြန့်လျက်ရှိနေသော စာအုပ်လေးကို ကိုင်ကြည့်လိုက်မိသည်။

"အသက်က ခဲပန်းချီသိပ်တော်တာ"

လွမ်းလွမ်းဆွေးဆွေး စကားကြောင့် သြရ သက်ပြင်းလေး ခိုးချမိသည်။ရင့်ကျက်သွားတာလား ၊ ဝုန်းဒိုင်းကြဲဖို့ အားယူနေတာလား မခန့်မှန်းတတ်။သို့ပေမဲ့ ရေးတေးတေး အပြုံးလေးကတော့ အေးချမ်းသွားသည့် သင်္ကေတပေ။

"မနက်ဖြန် ငါပြန်တော့မယ် ယဇ်၊မင်းကိုအားနာပေမဲ့ မပြန်လို့မဖြစ်လို့ပါ ဒါပေမဲ့ မကြာမကြာ ငါလာခဲ့မှာပါ"

ဤသို့လဲ သြရသည် အနားမှာ အဖော်ပြုပေးခဲ့ပါသည်။တလျှောက်လုံး ဘေးမှာရှိပေးခဲ့ပြီး လိုအပ်သည်ကို ဖြည့်ဆည်းပေးခဲ့ပါသည်။

ယဇ် ဆူဆဲ အော်ဟစ်နေလဲ အပြုံးမပျက်။နောက်ဆုံး နှင်လွှတ်ခဲ့တာတောင် ဝတ္တရားမပျက် ညစဥ်ရောက်လာတုန်း။သူကူညီခဲ့လို့ ယဇ် စိတ်အေးခဲ့ရသည်။အလုပ်ဘက်မှာလည်း ဆုံးရှုံးမှုနည်းခဲ့ရသည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now