အပိုင်း ၁၁

254 20 3
                                    

Unicode
(အပိုင်း၁၁)

ဘွား ထွက်သွားပြီးမှ ယဇ် ထပ်ခေါ်မိပြန်သည်။

ကိုင်စမ်းပါ! !

ယဇ် တဖက်မှ ထူးသံလေးကို ကြားရသည်နှင့် တပြိုင်နက် ပြတင်းဆီ သွားရပ်မိသည်။

"အရင်ဆုံး ပြတင်းပေါက်ကိုလာခဲ့"

"ဟုတ် ခဏလေး"

ပုခုံးပေါ် တဘက် အလျင်အမြန်လွှားပြီးသည်နှင့်....

"ရပြီ"

ယဇ်ကို လက်ပြနေသည့် ချာတိတ်အား

"မြင်တယ်လေ နီးနီးလေးကို ၊ တခုန်စာပဲရှိတာ"

ယဇ် အိမ်က ခြံစည်းရိုးနဲ့ ချာတိတ်တို့က ကပ်လျက်ဆိုတော့ အိမ်ချင်းကသိပ်မဝေးလှ။ထို့ကြောင့် တဖက်၏ အပြုအမူများ အားလုံးကို ရှင်းရှင်း လင်းလင်း မြင်နေရသည်။

ခုမှ သတိရမိသည်။ဟိုးအရင်ရက်တွေတုန်းက ယဇ် ပြတင်းမဖွင့်၍ ဘာမှမမြင်မိတာ။အမြဲပိတ်ထားတော့ အရိပ်လောက်ပဲထင်နေတာ။

"ပိုပို မြင်ရဘူး"

ထိုစကားက ယဇ်ကို ချက်ချင်းပင် အကိုင်းပြေး ချိုးစေသည်။ယဇ်တို့ အိမ်ဘက်ကိုင်းကျနေတဲ့ ဧကရာဇ်ပန်းပင်ကိုင်းက ယဇ် ပြတင်းကို ကွယ်ထားသည်။ယဇ်က အရပ်ရှည်လို့ ကျော်ကြည့်လို့ရပေမဲ့ သူ့ကျတော့။

"ပြီးသေးဘူးလား ၊ ပိုပိုချမ်းနေပြီ"

ဒိထက်နောက်ကျရင် ဖေသော်က ဆူလိမ့်မယ်ဗျ။လူကြီးက အရမ်းကြာပဲ။

စောင့်လက်စနှင့် ပြတင်းဘောင်ပေါ်ကားလျားခွရင်း ပိုပိုသွားတိုက်နေလိုက်သည်။

"လာပြီနော်"

ယဇ် လှေကားထစ်တွေ ကျော်ဖြတ်ကာ အပြေးလေး သွားရသည်။မောဟိုက်မှုကြောင့် ရင်ဘတ်က နိမ့်ချည်မြင့်ချည်။

"ဟာ ချာတိတ်"

မြင်ကွင်းက ယဇ် ဦးနှောက်ကို ပြောင်းပြန်လှန်ပစ်လိုက်သလို။

"ဆင်းစမ်း အခု..!"

ချာတိတ်က မကြားသလို လုပ်နေပြီး ခြေထောက်ကိုပင် လှုပ်ရမ်းနေသေးသည်။

"ဟာ အန္တရာယ်များ တဲ့ ကိစ္စကိုကွာ"

ခဏအကြာ ယဇ် ကြည့်နေသော ပြတင်းသည် ပြာလဲ့လဲ့မှ ကျွန်းရောင်သိူ့ပြောင်းသွားခဲ့လေသည်။

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now