Unicode
(အပိုင်း၆)သော် သား၏ အခန်းကို သွားရကောင်းနိုး မသွားရကောင်းနိုး စဥ်းစားနေမိသည်။ညနေ အလုပ်ကိုသူဝင်လာတဲ့အချိန်က သော် အကိုနှင့် စကားပြောနေခဲ့တာဖြစ်သည်။တိုက်ဆိုင်စွာပဲ သော်က အကို့ပါးကို နမ်းလိုက်မိသည့်ခဏ သားကကွက်တိ မြင်သွားခဲ့သည်။
ထိုအချိန်ထဲက သားက စကားလည်းတခွန်းမပြော ထမင်းလည်း ဆင်းမစားပေ။ဝမ်းနည်းလွယ်တဲ့ ကလေးက သော့်ကိုမုန်းသွားမှာတော့ မလိုချင်။သို့သော်အကို့ကိုလည်း သော်လက်မလွှတ်ချင်။
ချစ်သူသက်တမ်း တပတ်ပြည့်သည့်အနေဖြင့် အကိုဝယ်ပေးသော ဆွဲကြိုးလေးကိုအကြောင်းမဲ့ ဆွဲဆန့်နေရင်းမှ....
Ring.......
ကယ်တင်ရှင်ကြီး ပေါ်လာသလိုမျိုးသော် အတိုင်းမသိ ပျော်ရွှင်သွားရ၏။အနည်းဆုံးတော့ သားကို ချော့ဖို့ ကိုကိုရှိနေသေးသည်။
"hello ကိုကို"
"........."
"တကယ်လား ဒါဆို သော် သားကိုပြောလိုက်တော့မယ်နော်"
ဒီအိမ်လေးကတော့ ပုံမှန်ထက် ပျော်စရာတွေ ပိုလာဦးမယ်ထင်ပါရဲ့။ကိုကိုက ခွင့်သုံးလ ရလို့ လာခဲ့မယ်တဲ့။
"သားရေ..!"
ခေါ်သံကပင် ခြေလှမ်းတွေထက် နောက်ကျနေသယောင်။သားက စာကျက်နေရာမှ အလန့်တကြား မော့ကြည့်လာ၏။
"sorry ဖေသော် အပျော်လွန်သွားတယ် သားစာကျက်နေတာလား"
"ဟုတ်"
သားက စာမျက်နှာတွေဆီ အကြည့်ပြန်ပို့ကာ သော့်ကို လျစ်လျူရှုသွားလေသည်။အရင်အချိန်တွေမှာ ရင်ခွင်ထဲကမထွက်တဲ့သားက ခုများတော့...။
တိုးဝင်လာတဲ့ ဝမ်းနည်းမှုကို ဖြေဖျောက်ပြီး....ဘာမှမဖြစ်သလို ဟန်ဆောင်လျက်...
"သား...ဖေဖေက အခု လေယာဥ်ပေါ်တက်နေပြီတဲ့"
သားက မလှုပ်။သိပြီးသား ဖြစ်နေသလို အံ့သြမှုလည်းမပြ။
တချက်...သော်မေ့သွားတာပဲ!!
အခန်းခွဲပြီးထဲက သူ့အဖေနဲ့ ဖုန်းကို စိတ်ကြိုက် ပြောတော့မှာပေါ့။သော်သာ အကိုနဲ့ ဖုန်းပြောနေလို့ အဆက်ပြတ်နေတာ။
YOU ARE READING
"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ]
Teen FictionBL/Myanmar {Dec12..Feb10-2023}