အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး

Start from the beginning
                                    

လုကျိုးက စိတ်ထဲမထားပေ။ ဆိုရလျှင် ရှောင်ယွမ်အာ၏ရှစ်ရှိုးများအနေဖြင့် သူမကို သင်ကြားပြသပြီး ဂရုစိုက်ပေးတာကောင်းသည်။

သူမတောင်းပန်ပြီးနောက် လုကျိုးက ထပ်ပြောလိုက်သည်။

“မင်းရဲ့ အပြစ်က မဟာသန့်စင် ကျောက်စိမ်းကျင့်စဉ်ကို အကြိမ်တစ်ရာကူးရေးရမယ်။ ပြီးတော့ ပြန်လည်သုံးသပ်ခြင်းဂူမှာ သုံးရက်တိုင်တိုင် နံရံကို မျက်နှာမူထားရမယ်”

“…”

ကျန်သည့်သူများက ထိတ်လန့်ကုန်၏။

‘ဆရာကတော့ အကုန်သုံးနေပြီ’

‘သူအရင်တုန်းက ရှောင်ရှစ်မေ့ကို တစ်ခါမှ အပြစ်မပေးဖူးဘူး’

‘ဒီနေ့ သူဘာဖြစ်တာပါလိမ့်’

ရှောင်ယွမ်အာကလည်း ထိတ်လန့်သွားသည်။ သူမသည် ငယ်ရွယ်စဉ်တည်းက တစ်ခါမှ အရိုက်မခံရသည့်ကလေးဖြစ်ပြီး ရုတ်တရက် ကြီးလေးသည့်ပြစ်ဒဏ် ခံလိုက်ရသည်။ သူမ မကျေမချမ်း ဖြစ်တာ သဘာဝကျ၏။ သို့သော် သူမက နာခံစွာ ပြောလိုက်တော့သည်။

“တပည့် ပြစ်ဒဏ်ကိုလက်ခံပါတယ်” သူမက ခြေကြွပြီးနောက် တောင်ပိုင်းမျှော်နန်းဆီသို့ ဦးတည်သွားတော့သည်။

လုကျိုးက မော့ကြည့်လိုက်ရာ အားလုံး၏ သဘာဝမကျသော အမူအရာကိုတွေ့လိုက်ရ၏။ သူက

"ပြဿနာရှိလား”

“ရှစ်စွင်း ရှောင်ရှစ်မေ့က ငယ်ပါသေးတယ်”

“သူက ကလေးတစ်ယောက်မဟုတ်တော့ဘူး” လုကျိုးက လက်တစ်ဖက်မြှောက်ပြီး မင်ရှစ်ရင်၏ စကားကို ဖြတ်ချလိုက်၏။

ဆယ့်ခြောက်နှစ်အရွယ်ကို မည်သည့်ခေတ်တွင်မဆို ကလေးဟူ၍ သတ်မှတ်၍မရတော့ပေ။

ကျန်သည့်သူများက လုကျိုး စိတ်ပြင်ဆင်ပြီးတာကို မြင်သောအခါ သူတို့ကရှောင်ယွမ်အာအတွက် မတောင်းပန်ပေးရဲတော့ပေ။

လုကျိုးက သူတို့ကိုကြည့်ပြီးနောက် မေးလိုက်၏။

“အကြီးအကဲဟွား ဘယ်မှာလဲ”

“ကျွန်တော်သူ့ကိုသွားခေါ်လိုက်မယ်” မင်ရှစ်ရင်သည် ခန်းမထဲမှထွက်သွားသည်။ သူသည် ရှောင်ယွမ်အာအတွက် သူတို့၏ပွဲကျင်းပမည့်အစီအစဉ်အကြောင်း ဆွေးနွေးချင်နေခဲ့တာပဲ ဖြစ်သည်။ ကိစ္စများအရ ၎င်းကို မေ့ထားရတော့မည့်ပုံပေါ်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now