အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်

1.4K 205 1
                                    

အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်

တွမ့်မူရှန်းက ဆက်မပြောပေ။ သူ့ရှစ်စွင်း၏ စိတ်သဘောထားကို နားမလည်။ လောင်ပါ့အကြောင်း သူ၏ရှစ်စွင်းခံစားရပုံကိုလည်း မသိချေ။ သူက လောင်ချီ၏ သတင်းစကားကို သူ၏ရှစ်စွင်းဆီ သစ္စာရှိရှိ ပါးပေးပြီး သူ့အပိုင်း တာဝန်ကျေပြီဖြစ်သည်။

ရှောင်ယွမ်အာက ပြောလိုက်လေ၏။ “ရှစ်စွင်း ပါ့ရှစ်ရှိုးရဲ့ကျင့်ကြံဆင့်က တပည့်နဲ့တူတူလောက်ပဲ။ ကျင့်မင်တာအိုဂိုဏ်းက လှုပ်ရှားမယ်ဆိုရင် သူအပိုင်းပိုင်းခုတ်ဖြတ်ခံရမယ်ထင်တယ်”

ရှောင်ယွမ်အာ စကားလုံးရွေးချယ်မှုက လုကျိုးကို အနည်းငယ်ဆွံ့အသွားစေသည်။

တွမ့်မူရှန်းက ပြောလိုက်တော့၏။

“သူ ဒီလောက်အလွယ်တကူမသေဘူး”

ကျူးဟုန်ကုန်းက မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်ဖြင့် သူအလွယ်တကူ အသတ်ခံရမည်ဆိုလျှင် အစောကတည်းက သေနေလောက်ပြီဖြစ်သည်။ ယခုအချိန်ထိအသက်ရှင် နေမှာ မဟုတ်ပေ။

ယင်းက စီးဝူယာ့သည် ဤစာကိုပို့ခြင်းအားဖြင့် မိစ္ဆာဝေဟင်မျှော်နန်းကိုသုံးကာ သူ၏ရန်သူကို ဖယ်ရှားရန်ကြိုးပမ်းနေတာ ဖြစ်နိုင်ချေလည်းရှိသည်။ သူမည်သို့ပင် လှုပ်ရှားစေကာမူ လုကျိုးက အနှောင့်အယှက် ဖြစ်မခံလျှင် စီးဝူယာ့ဘာမှ လုပ်နိုင်မှာမဟုတ်ပေ။

တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာက ထိုအရေးကိစ္စအပေါ် သူတို့ရှစ်စွင်း၏သဘောထားကို မြင်သည့် အချိန်၌ ပါးနပ်စွာနေရစ်သည်။ သူတို့က ထိုအရေးကိစ္စအကြောင်းဘာမှထပ်မပြောတော့ဘဲ လိမ်လိမ်မာမာ ရိုရိုကျိုးကျိုးဖြင့် ဘေးတွင်ရပ်နေသည်။

လုကျိုးက ထောင့်ဖက်တွင် နံရံကိုမှီလျက် အနားယူနေသောလန်လော့ကို ကြည့်လိုက်၏။ သူက

“လန်လော့ မော့လီက ကောက်ကျစ်ပြီး အကြံအစည်များတယ်။ သူက နန်းတော်ထဲမှာပုန်းနေတာ။ မင်းသူ့ကိုမုန်းရင် မင်းရဲ့လက်နဲ့သတ်သင့်တယ်” ပြောပြီးသည်နှင့် မြောက်ပိုင်းမျှော်နန်းမှ ထွက်သွားတော့သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲOù les histoires vivent. Découvrez maintenant