အခန်း (၈၈) မရည်ရွယ်ပါဘူး

1.6K 275 0
                                    

အခန်း (၈၈) မရည်ရွယ်ပါဘူး

ရှောင်ယွမ်အာက တခစ်ခစ် ရယ်မောလျက် လုကျိုးဘေးနား ရောက်လာပြီး ပြောလိုက်သည်။

“ စန်းရှစ်ရှိုးက ရှစ်စွင်းကို ကျေးဇူးတင်သင့်တယ်နော်။ ရှစ်စွင်း ပေးထားတဲ့ နယ်ရှင်လှံကြောင့် ပွင့်ချပ်တစ်လွှာ ထွက်လာခဲ့တာ မဟုတ်ဘူးလား ”

ရှောင်ယွမ်အာက နယ်ရှင်လှံအကြောင်း ညွှန်းဆိုသည့်အခါ အခြားလူများက မနာလိုဖြစ်လာကြသည်။ တိုက်ပွဲ၏ အထင်ရှားဆုံးမှာ နယ်ရှင်လှံသာ ဖြစ်၏။

အမှောင်စစ်သည်တော် နှစ်ယောက်ဖြစ်သည့် ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့က အရှုံးကို လက်ခံလိုက်ကြသည်။ သူတို့က တွမ့်မူရှန်းကဲ့သို့ မကောင်းဆိုးဝါး လက်အောက်တွင် ရိုက်နှက်ခံနေရသည် မဟုတ်ပါလော။ ထို့အပြင် သူ့ဆီတွင် ကောင်းကင်အဆင့် လက်နက်လည်း ရှိနေသေး၏။

တွမ့်မူရှန်းက ခေါင်းညိတ်ကာ  “ ရှစ်မေ့ပြောတာ ဟုတ်တယ်။ ကျွန်တော်ရဲ့ မပြည့်စုံသောနတ်ဒေဝါ ဖျန်ဖြေခြင်းက ရှစ်စွင်းကို မီဖို့ အဝေးကြီးလိုပါသေးတယ်။ တကယ်လို့ နယ်ရှင်လှံကြောင့်သာ မဟုတ်ရင် ဒီနှစ်ယောက်ကို အနိုင်ပိုင်းနိုင်မှာ မဟုတ်ဘူး ”

ယွဲ့ကျုံးနှင့် တွမ့်ယန်ဟုန်တို့က ခက်ခက်ခဲခဲ ကြည့်လိုက်ကြသည်။ သူတို့က ချည်နှောင်ခံထားရသည့် ဖန်းရှုဝမ်ကို မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားကြသည်။

မဟူရာစစ်သည်တော် ခေါင်းဆောင်၊ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင်က ပြန်လည် တိုက်ခိုက်ဖို့ အင်အားမဲ့နေသည်တဲ့လား။

အနည်းဆုံးတော့ သူတို့က ရှုံးနိမ့်သွားသော်ငြား ပွင့်ချပ်နှစ်လွှာ၊ ပွင့်ချပ်သုံးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သေးသည် မဟုတ်ပါလော။ သူတို့ခေါင်းဆောင်၏ ကျင့်ကြံဆင့်ဖြင့် ကျိထျန်းတောက်နှင့် အနိုင်အရှုံးမကွဲခင်အထိ သုံးရက်သုံးည တိုက်ခိုက်သင့်ပေသည်။ သူတို့က တိုက်ပွဲထဲ အာရုံရောက်နေသောကြောင့် မိစ္ဆာဝေဟင်မျှော်နန်း ခန်းမအတွင်းမှ အဖြစ်အပျက်များကို မသိလိုက်ကြပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now