အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ

1.7K 265 2
                                    

အခန်း  (၉၀) ရှစ်ရှိုး သက်ညှာပေးပါ

အစိမ်းဝတ် ဓားသမားက သူ့နောက်တွင် ရပ်နေသည့် အနက်ဝတ် အမျိုးသားကို လှည့်မကြည့်ပေ။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ဖြစ်တည်လာပြီးနောက်  “မင်းတို့ဂိုဏ်းချုပ်ကို ပြောလိုက် ဒီနေ့ ငါ လူသတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ … သူ့ကို အားနာတယ်လို့ ပြောလိုက် ”

အကြောင်းအရင်းတချို့ကြောင့် အနက်ဝတ် အမျိုးသားက “ အားနာတယ်” ဆိုသော စကားကို ကြားလိုက်သည့်အချိန် နောက်ဆုတ်လိုက်မိသည်။ သူက နေရခက်စွာ ပြန်ဖြေလိုက်၏။

“ ချန်ပေ့က အရင်တစ်ခါ ဓားရူးကို သတ်ခဲ့တယ်လေ။ နောက်ပစ်မှတ်ကရော ဘယ်သူလဲ ”

အစိမ်းဝတ် ဓားသမားက အနက်ဝတ် အမျိုးသားအား ဘေးတိုက်ကြည့်လိုက်သောကြောင့် အနက်ဝတ် အမျိုးသားက နောက်ပိုဆုတ်သွားလိုက်သည်။ သူက အတော်လေး ကြောက်လန့်နေပြီး အစိမ်းဝတ် ဓားသမားက သူ့ကို နောက်ပစ်မှတ်ဖြစ်ကြောင်း ပြောမည်ကို ထိတ်လန့်နေမိသည်။

“စိတ်မပူပါနဲ့။ ငါက အမြဲတမ်း ယဉ်ကျေးပြီး ညင်သာတဲ့လူပါ။ မင်းတို့ဂိုဏ်းချုပ်လည်း ကောင်းကောင်း သိပါတယ်” အစိမ်းဝတ် ဓားသမားက မပြောင်းမလဲ ပြောလိုက်သည်။

“အာ့ … ချန်ပေ့ရဲ့ အားကောင်းကောင်း အငွေ့အသက်ကြောင့် ဖိအားဖြစ်သွားရုံပါ။ ချန်ပေ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် ” ထိုအချိန်  အနက်ဝတ် အမျိုးသား၏ ဒူးတို့က တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။

“ကိစ္စမရှိပါဘူး” အစိမ်းဝတ် ဓားသမားက ညင်ညင်သာသာ ပြောလိုက်သည်။

“ ဒီရက်ပိုင်း သတင်းပို့ပေးတာ ကျေးဇူးပဲ ”

အနက်ဝတ် အမျိုးသားက သူ့ဘာသာ သက်ပြင်းချလိုက်ရင်း မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်သည်။

အစိမ်းဝတ် ဓားသမားက ဆက်ပြောလိုက်သည်။

“ တကယ်လို့ မင်းကို သတ်ဖို့ ကြံထားရင် အရင်ဆုံး အသိပေးမှာပါ … ရောင်းရင်း ”

သူက “ရောင်းရင်း” ဆိုသော စကားကို ထပ်မပြောခင် တမင်ရပ်လိုက်သေး၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now