အခန်း (၅၁) အဓိပ္ပာယ် မရှိတာ

2.1K 321 2
                                    

အခန်း (၅၁) အဓိပ္ပာယ် မရှိတာ

ရုတ်တရက် ပေါ်ပေါက်လာသော ကုသိုလ်မှတ်က လုကျိုးက အံအားသင့်သွားစေသည်။

"ရိုသေလေးစားတာလား၊ အခုဆို အဲဒီတပည့်ဆိုးတွေအားလုံးက ကောင်းမှုတွေ လုပ်နေပြီလား"

သူက စဉ်းစားနေစဉ်တွင် ရှောင်ယွမ်အာသည် အပြေးဘက်မှ ပြေးဝင်လာ၏။

"ရှစ်စွင်း စန်းရှစ်ရှိုးက တစ်ယောာက်ယောက်ကို သတ်လိုက်တယ်"

လုကျိုးက ကိုယ်မတ်သွားကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ဘာဖြစ်တာလဲ"

ရှောင်ယွမ်အာသည် တောင်ခြေတွင် သူမ ကြားခဲ့ မြင်ခဲ့သည်များကို သူ့ကို ပြန်ပြောပြသည်။ သူမ ပြောတာ နားထောင်ပြီးနောက် လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ လရောင်ဆွတ်နန်းတော်မှ အမျိုးသမီးကျင့်ကြံသူများသည် ယဲ့ထျန်းရှင်း၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူတို့က ယခုအချိန်တွင် ခေါင်းဆောင်မဲ့နေပြီး သူတို့၏ ခေါင်းဆောင်ကို တောင်နောက်တွင် ပိတ်ထားသည်။ ထိုသို့တိုင် သူတို့က ရွှေနန်းဥယျာဉ်တောင်ကို လာရဲသေးသည်။ ထိုနေရာရှိ လူအချို့က သူတို့ထက် ပိုသတ္တိရှိနေပုံရသည်။

သို့သော် သူတို့က အမျိုးသမီးကျင့်ကြံသူ တစ်စုမျှသာ ဖြစ်ပြီး သူတို့ထဲတွင် အသန်မာဆုံးကာ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူကိုယ်တိုင် အရာအားလုံးကို ဖြေရှင်းရမည်ဆိုလျှင် သူ့ကဲ့သို့ အဘိုးကြီးအတွက် အလွန်ပင်ပန်းနေချေမည်ဟု လုကျိုး တွေးမိလိုက်သည်။

"အသေးအမွှားကိစ္စလေးပဲ၊ မင်းဘာသာ ဖြေရှင်းလိုက်" သူက ညင်သာစွာ ပြောလိုက်သည်။

"အိုး... ကောင်းကောင်းအနားယူပါ ရှစ်စွင်း၊ ရှစ်ရှိုးကို တပည့် စောင့်ကြည့်ထားပါ့မယ်" ရှောင်ယွမ်အာက ပြောသည်။

လုကျိုးက ထိုင်ခုံတွင် မှီပြီး နဖူးပေါ် လက်တင်ကာ ဆက်လက် အနားယူလေသည်။

"ငါ့ခေါင်းက ဒီရက်တွေမှာ ကံစမ်းမဲနဲ့ပဲ တဝဲလည်လည် ဖြစ်နေတာ၊ ငါ ခဏအနားယူဖို့ လိုနေပြီ၊ ဒီလို အသေးအမွှားကိစ္စကို ဖြေရှင်းဖို့ အချိန်ရှိရင် ကံစမ်းမဲတွေရဲ့ ပုံစံကို ဖော်ထုတ်ဖို့ အချိန်သုံးကောင်း သုံးဖြစ်မှာပေါ့"

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲDonde viven las historias. Descúbrelo ahora