အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း

1.3K 199 0
                                    

အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း

မင်ရှစ်ရင်က ပြောလိုက်သည်။

“ မင်းတို့ သခင်မလေးနဲ့ ဝေ့ကျိုးယန်တို့ကြားက ဆက်ဆံရေးက ဘာလဲ”

ဝူရှန်းနှင့် ဝူကွမ်းတို့၏ လေသံအရ ဝေ့ကျိုးယန်နှင့် မော့လီတို့သည် ရင်းနှီးသည့်ပုံစံမျိုး မဟုတ်ကြောင်း ပြောနိုင်လေသည်။

“ အာ …” ဝူရှန်းက တုံ့ဆိုင်းသွားပြီး ဘာမှဆက်မပြောတော့ပေ။

“ ထျန်းကျန့်မြစ်ကိစ္စက မင်းသခင်မလေးနဲ့ ဘာမှမပတ်သက်ဘူးဆို … သူတို့ အလောင်းတွေ ဆယ်နေတဲ့နေရာမှာ စုန်းအတတ်အစီအရင် တွေ့တယ်တဲ့လား။ အဲနေရာကို ချန်ကျူးကိုယ်တိုင် စောင့်ကြပ်ပေးနေတာ။ ငါ့ကို ငတုံးများထင်နေလား”

ဝူရှန်းနှင့် ဝူကွမ်းတို့က တုံ့ဆိုင်းခြင်းမရှိ ဒူးထောက်လိုက်ကြသည်။ သူတို့နဖူးမှ ချွေးများစီးကျလာကာ  “သခင်မလေးမော့လီက အမိန့်အရ လုပ်ရတာပါ။ အဲဒီကမ်းပါးကိစ္စက အစီအရင် မလုပ်ခင်ကတည်းက ဖြစ်နေတာပါ။ ယွီလုံရွာ အဖြစ်အပျက်က သခင်မလေးနဲ့ ဘာမှမဆိုင်ပါဘူး။ တကယ်လို့ ကျုပ်စကားမှာ အလိမ်အညာပါခဲ့ရင် ဆိုးဆိုးရွားရွား သေပါစေ ”

သူတို့ ဘာပြောပါစေကာမူ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က မယုံဖို့ ဆုံးဖြတ်ထားကြသည်။

လေထုက တင်းကျပ်လာသည်။

နှစ်ယောက်လုံးက ထတော့မည့်ဆဲဆဲတွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ဖန်ကျုံးက ဝင်ပြောလိုက်သည်။

“ နတ်ဆရာဆယ်ပါး မျိုးဆက်ရဲ့  သခင်မလေးက မော့လီ နာမည် ဘာလို့ ဖြစ်နေရတာလဲ ”

ဝူရှန်းနှင့် ဝူကွမ်းတို့က အနည်းငယ် ကြောင်အမ်းသွားကြသည်။ သူတို့က ဖန်ကျုံးကို လှည့်ကြည့်လိုက်ကြသည်။ တခြားအခြေအနေမှာ မဟုတ်ပါက ဖန်ကျုံးအနေနှင့် မော့လီကို နာမည်တပ်ခေါ်ခြင်းက ရန်စမှုအကြီးကြီး ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း ဖြစ်၏။ သူတို့ စကားများကို ပစ်ပစ်ခါခါ ဝေဖန်ခံရစေကာမူ သည်းခံရုံသာ တတ်နိုင်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲحيث تعيش القصص. اكتشف الآن