အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်

3.1K 408 4
                                    

အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်

လုကျိုးက တပည့်သုံးဦးကို ဖျတ်ခနဲကြည့်ပြီး သူ့ခြေကို ဖြည်းဖြည်းချင်း ကြွလိုက်သည်။ သူ၏ ရိုက်ချက်က သူတို့ကို အတော်လေး နာသွားစေပြီး သူတို့က ထရပ်ရန်တောင် အခက်တွေ့နေကြသည်။ ယွမ်အာလေးက ပြေးလာပြီး သူ ခြေမချရသေးခင် လာကူတွဲပေးကာ ဘေးထွက်ရပ်လိုက်၏။

လုကျိုးက လက်နောက်ပစ်ထားသည်။ သူတို့ကို ကြည့်မည့်အစား ရှုမျှော်အဆောက်အအုံငယ်၏ အစွန်းဆီ လျှောက်သွားပြီး တောင်များကို ကြည့်လိုက်သည်။

တောင်များကြားထဲတွင် အညွန့်ထဲ၌ မြူခိုးတစ်စက ထွက်ပေါ်လာပြီး လေထဲ ရစ်ဝဲနေသည်။ ရွှေနန်းဥယျာဉ်တောင်က ၎င်း၏ အကာမပါဘဲ အတော်လေး ဆန်းကြယ်နေပုံရသည်။

“လောင်စန်း”

“ဟုတ်ကဲ့ ရှစ်စွင်း” တွမ့်မူရှန်းက တုန်ယင်သွားကာ ခေါင်းငုံ့ပြီး ဖြေလိုက်သည်။

“ပေနက်လွှာမှာ မင်းရဲ့ အဆင့်က ဘယ်လောက်လဲ”

“ဒါက... တစ်ဆယ့်ရှစ်နေရာမြောက်မှာပါ”

“လောင်စစ်ရော”

“ကျွန်... ကျွန်တော်က ရှစ်ရှိုးလောက် မကောင်းပါဘူး၊ နှစ်ဆယ့်ငါးနေရာ မြောက်မှာပါ”

ကျောင်းယွဲ့က သူမ၏ ဆရာ မေးမှာကို မစောင့်တော့ပေ။

“ကျွန်မက ကံကောင်းလို့ နှစ်ဆယ့်ရှစ်နေရာမြောက်မှာ ရှိနေပါတယ်”

“ကံကောင်းတာလား” လုကျိုး၏ အသံက ပိုတည်ကြည်လာကာ “မင်းက ငါ့ရဲ့ အံ့ဩဖို့ကောင်းတဲ့ တပည့်ပါပဲ၊ ပေနက်လွှာပေါ်မှာ မင်းတို့နာမည် ရှိနေတာက ဘယ်အချိန်ကစပြီး ဝါကြွားစရာ ဖြစ်သွားတာလဲ၊ မင်းတို့က ငါ့ကို သိက္ခာချနေတာပဲ”

“တပည့် မှားပါတယ်” ကျောင်းယွဲ့က ရင်တုန်သွားသည်။

လုကျိုးက စတင်ပို့ချတော့မည်အချိန်တွင် သူ၏ နာမည်က ပေနက်လွှာတွင် ထိပ်ရောက်ကြောင်း ယွမ်အာလေး ပြောခဲ့တာကို ရုတ်တရက် တွေးမိသွားသည်။ သူ့ကိုယ်သူ သိက္ခာအချဆုံး ဖြစ်နေပုံပင်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now