အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း

2.1K 325 0
                                    

အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း

အသံက ခြိမ်းခြောက်သံဖြစ်နေရာ အားလုံးက ထိတ်လန့်သွားကြသည်။ ပြောလိုက်သည့်သူက အဘိုးအိုတစ်ဦးဖြစ်ပြီး အသံတွင် ပါဝင်သော စွမ်းအားအရ ဆရာကြီးတစ်ဦးနှင့်မတူဟု သူတို့ ခန့်မှန်းမိကြသည်။ မည်သို့ပင်ဆိုစေကာမူ တောင်တစ်တောင်လုံး ပဲ့တင်သံထပ်စေရန် သန်မာပေသည်။

တောင် တစ်ဝိုက်ကို ဝန်းရံထားသည့် ကျင့်ကြံသူများ အားလုံးက တအံ့တဩ မော့ကြည့်လိုက်ရာ တိမ်တိုက်များ ကြားထဲတွင် နတ်ခြင်္သေ့ကို တွေ့လိုက်ရ၏။ ဒဏ္ဍာရီလာ စီးတော် သားရဲများက ရှားပါးလွန်းသည်။ မင်္ဂလာရောင်ဝါဖြင့် သားရဲဆိုလျှင် ပိုဆိုးသေး၏။

“ပြောတဲ့သူက ဘယ်သူလဲ”

မိစ္ဆာဝေဟင် မျှော်နန်းထဲတွင် ကြိုးတုတ်ခံထားရသော တွမ့်မူရှန်းက သူ့ဆရာ၏ အသံကို ပထမဆုံး မှတ်မိလိုက်တာ ဖြစ်သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ပြန်လာတာ ကြိုဆိုပါတယ် ရှစ်စွင်း”

သူ၏ အသံက မိုးကြိုးသံ သကဲ့သို့ ဟိန်းထွက်နေပြီး သမာသမတ် ကျင့်ကြံသူ အားလုံးကို ကြောက်လန့်သွားစေကာ သူတို့ကို ကြောက်လန့်တကြား တုန်တုန်ယင်ယင် ထွက်ပြေးသွားစေ၏။ မကြာမီ၌ တောင်တန်းပေါ်ရှိ ရှင်းလင်းသော ကွင်းပြင်များ ပေါ်တွင် ကျင့်ကြံသူများဖြင့် ပြည့်သွားတော့သည်။ တွမ့်မူရှန်းက ခပ်မတ်မတ် နေပြီးနောက် မိစ္ဆာဝေဟင် မျှော်နန်း အပြင်ကို ထွက်လိုက်သည်။ သူသည် ကောင်းကင်ထဲမှ လျင်မြန်စွာ ဆင်းသက်လာသည့် နတ်ခြင်္သေ့ကို တွေ့သောအခါ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်သွားသည်။ ယခုအချိန်တွင် ဂုဏ်ယူ ဝင့်ကြွားမှုနှင့် ယုံကြည်ချက်တို့ ရှိလာတော့၏။

“မကောင်းတော့ဘူး။ မိစ္ဆာကြီးပဲ”

“မကြောက်ကြနဲ့ အတွင်းသတင်းတွေ အရ မိစ္ဆာကြီးက သူ့ရဲ့ ချည်ကြိုးက အဆုံးသတ်ကို ရောက်နေတာ ကြာနေပြီ။ သူက ရှေးဦးမိစ္ဆာရဲ့ လျှို့ဝှက်ဆေးကို မှီခိုထားတာတဲ့”

“အစီအရင် ဖွဲ့ကြ။ နတ်ဒေဝါ ဦးတည်နယ်ပယ် ကျွမ်းကျင်သူတွေ အားလုံး အခု ချက်ချင်း နတ်ဒေဝါ ဦးတည်နယ်ပယ်နဲ့ သူ့အထက်က လူတွေ အားလုံး အခု ချက်ချင်း စီတန်းကျ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now