အခန်း (၁၅၄) ထင်မှတ်မထားသော

1.3K 211 2
                                    

အခန်း (၁၅၄) ထင်မှတ်မထားသော

မင်ရှစ်ရင်က ဟွားဝူတောက်နား လျှပ်စီးပမာအလျင်ဖြင့် ပေါ်လာသည်။ သူက လက်ဆန့်ထုတ်ကာ သူ့ချီများကို ဟွားဝူတောက်ထဲ လွှဲပြောင်းပေးလိုက်၏။

“ မင်ရှစ်ရင် .. မင်း … ” ဟွားဝူတောက်က လှည့်မကြည့်ပေ။ ထိုစဉ် သူက မင်ရှစ်ရင်တစ်ယောက် ပဲ့ဆက်ထိန်းနေဖို့သာ မျှော်လင့်မိသည်။

တိမ်ခွင်းရထားလုံး၏ သီးခြားစွမ်းရည်များဖြင့် လျို့ဟယ်စည်းတံဆိပ်ပါ ထည့်ပေါင်းလိုက်လျှင် ပဲ့ထိန်းသူက လုံလုံလောက်လောက် အားကောင်းနေသရွေ့  မဟာဘိုးဘေးအစီအရင်မှ ထွက်သွားဖို့ ပြဿနာ မဟုတ်ပေ။ ထိုစဉ် နတ်ဆရာဆယ်ယောက်၏ ကျင့်ကြံဆင့်က မည်မျှမြင့်မားစေကာမူ သူတို့က အမှောင်ထုကို ကျော်လွန်၍ မရောက်ရှိနိုင်တော့ပေ။

“အကြီးအကဲဟွား စကားမပြောနဲ့။ ကျွန်တော် ဒါလုပ်ပေးနေတာ အကြီးအကဲ ဂုဏ်တောင်ယူသင့်တာ ”မင်ရှစ်ရင်က စိတ်လှုပ်ရှားမှု တစွန်းတစဖြင့် ပြောလိုက်သည်။

“…”

မင်ရှစ်ရင်၏ အထောက်အပံ့ဖြင့် ပထမ သင်္ကေတက ပြန်ပေါ်လာသည်။ တစ်ချိန်တည်းတွင် ဧရာမ သင်္ကေတရှစ်ခုလုံးက ပို၍ တောက်ပလာသည်။ လျို့ဟယ်စည်းတံဆိပ်က ယခုအခါ ပို၍ အားကောင်းသွားလေပြီ။

ဘန်း ဘန်း ဘန်း

ခရမ်းရောင်မိုးကို ပိုအားကောင်းလာသည့် လျို့ဟယ်စည်းတံဆိပ်က တားဆီးပေးထားသည်။

လော့ရှစ်စန်းက ပြောလိုက်သည်။  “မင်းက သေမင်းခံတွင်းဝမှာ ရုန်းကန်နေတာပဲ ”

လုကျိုးက ဝူရှန့်ဆီမှ လော့ရှစ်စန်းဆီ အကြည့်လွဲလိုက်သည်။ သူက မေးလိုက်၏။

“မင်း သေချင်နေတာလား ”

လော့ရှစ်စန်းက ရုတ်တရက် မလှုပ်ရှားတော့ဘဲ လျို့ဟယ်စည်းတံဆိပ်အပြင်ဘက်မှ ဝေ့ဝဲနေသည်။ သူက လုကျိုးသည် လျို့ဟယ်စည်းတံဆိပ်နောက်တွင် ရှိနေကြောင်း တွေ့လိုက်ရ၏။ မိုးကြိုးချက်က သူ့အား သတိလက်လွတ်ဖြစ်သွားစေသည်။ သို့သော်လည်း ထိုရိုက်ချက်ကို ရှောင်လွဲရုံအပြင် သူက ဒဏ်ရာပင် မရသွားချေ။ ထို့ကြောင့် သူက မာန်တက်စွာ ပြောလိုက်သည်  “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂိုဏ်းချုပ်ကြီးက ဒါပဲ လုပ်နိုင်တာလား။ ကျုပ်ကို လန့်အောင်တောင် မလုပ်နိုင်ဘူး ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now