အခန်း (၁၅၀) တမင်တကာ

1.3K 227 4
                                    

အခန်း (၁၅၀) တမင်တကာ

ဝူရှန်းက ပဲ့ထိန်းကိုင်ထားသည့် မင်ရှစ်ရင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာအထက် ရိုးရိုးသားသား အမူအရာမျိုးဖြင့် ပြောလိုက်သည်  “ အစီအရင်တဲ့လား။ ကျုပ်တော့ နားမလည်ဘူး ”

လုကျိုးက ခေါင်းခါကာ သက်ပြင်းချလိုက်ရင်း  “တွမ့်မူရှန်း … သူတို့က ငါတို့ဘာပြောနေမှန်း မသိမှတော့ ဉာဏ်အလင်းဖွင့်ပေးလိုက်ကြ ”

“ဟုတ် ရှစ်စွင်း” တွမ့်မူရှန်းက ပျော်ရွှင်နေလေသည်။ သူက နယ်ရှင်လှံကို ကိုင်ဆွဲပြီး ရထားလုံးပျံမှ ခုန်ဆင်းသွားသည်။

လုကျိုးက သူ့တပည့်များ ပြင်ပေးထားသည့် ထိုင်ခုံကို မြင်လိုက်သည့်အခါ ဟွားဝူတောက်ကို လက်ဟန်ပြရင်း  “ထိုင်ပါဦး ”

“ကျေးဇူးပါ ”

နှစ်ယောက်လုံးက ကုန်းပတ်ပေါ်တွင် ထိုင်ကာ တိုက်ပွဲကို ရှုစားနေကြသည်။

ဝူရှန်းက မိစ္ဆာဝေဟင်မျှော်နန်းသည် သတိမပေးဘဲ လုပ်လိမ့်မည်ဟု မထင်ထားပေ။ ထိုစဉ် သူက ရှမန်မျိုးဆက်များ၏ အကြံအစည်သည် ပေါက်ကြားသွားပြီမှန်း သိလိုက်၍ မြန်မြန် ပြောလိုက်သည်။  “နောက်ဆုတ်ကြ ”

အနီဝတ် ကျင့်ကြံသူသုံးဆယ်က လေထဲ နောက်ဆုတ်လိုက်ကြသောကြောင့် သူတို့အနေအထားက ပြန့်ကျဲသွားလေသည်။

နယ်ရှင်လှံကို ကိုင်ဆွဲထားသည့် တွမ့်မူရှန်းက ဝူရှန်းနှင့် ဝူကွမ်းဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။

လှိုင်းလုံးထောင်ချီ …

ဝူရှန်းက မျက်မှောင်အသာကြုတ်လိုက်ပြီး လက်မြောက်လိုက်သည်။

ဝုန်း

ဝူရှန်းရှေ့တွင် ခရမ်းရောင်ခပ်ဖျော့ဖျော့ အလင်းကွင်း ပေါ်လာပြီး လှံအရိပ်များကို ပုတ်ထုတ်လိုက်သည်။

နှစ်ဖက်လုံးက ပထမဆုံတိုက်ကွက်နှင့် အနေအထားပျက်သွားကြသည်။

‘ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် စုန်းအတတ် ကျင့်ကြံသူဆိုတဲ့အတိုင်းပဲ ’

ဝူရှန်းနှင့် ဝူကွမ်းလည်း ရှေ့တိုးလာစဉ် အနီဝတ် ကျင့်ကြံသူ ၂၈ ယောက်တို့ကလည်း အကွာအဝေးထိန်းထားကြသည်။ လက်ရှိ နှစ်ဖက်လုံးက မိစ္ဆာဝေဟင်မျှော်နန်းမှာရှိစဉ်အခါက ပြောင်းပြန်ဖြစ်နေလေပြီ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲDove le storie prendono vita. Scoprilo ora