အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ

1.2K 205 1
                                    

အခန်း  (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ 

မင်ရှစ်ရင်က ပဲ့ထိန်းသမား ဖြစ်သည်။ ဆိုလိုသည်မှာ ရထားလုံးပျံပေါ်တွင် သူက အကောင်းဆုံး ရှုထောင့်မှ ကြည့်ပိုင်ခွင့် ရှိထားသည်။ သူ့နေရာမှ ကြည့်လိုက်လျှင် ကောင်းကင်ဝတ်ပြုစင်မြင့်နှင့် တုတ်ကိုင်ထားသည့် ဘုန်းကြီးများအပြည့် ဖြစ်နေသည့် ရင်ပြင်ကို မြင်လိုက်ရသည်။

သူတို့က အလေးအနက် အမူအရာများ ရှိနေကြသည်။ သူတို့အကြည့်များက မီးတောက်လုမတတ် ဖြစ်နေပြီး သေသည့်အထိ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပုံပေါ်သည်။

မင်ရှစ်ရင်က သူတို့ကို ဘာမှမပြောတော့ဘဲ လှည့်လိုက်ကာ  “ရှစ်စွင်း … သူတို့က ကျွန်တော်တို့ ဆင်းမဲ့နေရာကို ထောင်ချောက် ထားထားတယ် တူတယ်။ ကျွန်တော်တို့ တခြားနေရာမှာ ဆင်းကြမလား”

သူတို့အင်အားနှင့် ကျင့်ကြံဆင့်ဖြင့် ထောင်ချောက်ဆိုလျှင်ပင် ထွက်သွားဖို့ရာ ပြဿနာ မဟုတ်ချေ။ သို့သော်လည်း တိမ်ခွင်းရထားလုံးက သူတို့အတွက် အဖိုးတန်လွန်းသောကြောင့် ပျက်စီးသွားလျှင် နှမြောစရာ ဖြစ်သွားလိမ့်မည်။

လုကျိုးက လက်နောက်ပစ်လျက် ရထားလုံးပျံအစွန်းအထိ လျှောက်လာကာ ငုံ့ကြည့်လိုက်သည်။ သူက ကောင်းကင်ဝတ်ပြုစင်မြင့်နှင့် တုတ်ကိုင်ထားကြသည့် ဘုန်းကြီးများကို ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။  “ရွှီကျင်း … မတွေ့တာ ကြာပြီပဲ ”

ရွှီကျင်းက ရထားလုံးပျံတွင် မားမားမတ်မတ်ရပ်နေသည့် လုကျိုးကို လှမ်းကြည့်လိုက်ပြီးနောက် သူ့အကြည့်ထဲ အံ့ဩတုန်လှုပ်သည့် အရိပ်အယောင် ဖြတ်ပြေးသွားကာ   “ မိစ္ဆာဝေဟင်မျှော်နန်းသခင်က ဒီလိုသေးနုပ်တဲ့ ဘုရားကျောင်းဆီ လာလည်တယ်ဆိုတော့ ကိုယ်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ ”

“ ဆင်းလိုက် ” လုကျိုးက အမိန့်ပေးလိုက်သည်။

“ ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က တိမ်ခွင်းရထားလုံးပျံကို နိမ့်ကာ ကောင်းကင်ဝတ်ပြုစင်မြင့်အထက် ဆင်းသက်လိုက်သည်။ သူက တမင် ဒီနေရာကို ရွေးလိုက်ခြင်း ဖြစ်၏။ ကောင်းကင်ဝတ်ပြုစင်မြင့်သည် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များ အမြဲတမ်း ဝတ်ပြုလေ့ရှိသည့် နေရာ ဖြစ်သောကြောင့် သူတို့ကို ဆန့်ကျင်လိုက်သည့် အပြုအမူသာ ဖြစ်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲTahanan ng mga kuwento. Tumuklas ngayon