အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂

1.8K 264 0
                                    

အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂

မိစ္ဆာဘုရားကျောင်း၏ လွှမ်းမိုးမှုက လတ်တလောနှစ်ပိုင်းအတွင်း ကျယ်ပြန့်လာသည်။ ပညာရှင်များစွာလည်း ဂိုဏ်းကို ဝင်သွားကြ၏။ လက်ရှိ တောင်ပံပေါက်လာသည့် ကျားတစ်ကောင်ပမာ ဖြစ်နေသည်။

ယခင်က မိစ္ဆာဘုရားကျောင်း ကျောင်းထိုင် ရန်ပုဖင်းက တံခါးပိတ် ကျင့်ကြံနေကြောင်း စီး၀ူယာ့ ကြားလိုက်ရသည်။ ရန်ပုဖင်း၏ တိုးတက်မှုများအကြောင်း ရံဖန်ရံခါ သတင်းများ ထွက်လာသော်လည်း သူက သတင်းများကို တစ်ခါမှ အတည်မပြုနိုင်ခဲ့ပေ။ မိစ္ဆာဘုရားကျောင်း၏ လွှမ်းမိုးမှု ကြီးထွားလာြခင်းက မဟူရာကွန်ရက်အပေါ် သက်ရောက်မှု ရှိလာသည်။ အထူးသဖြင့် ငရဲဂိုဏ်းပေါ် ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူက ရန်ပုဖင်း၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် သူလျှိုတစ်ယောက် ထားခဲ့သည်။

ရန်ပုဖင်း တစ်ယောက်တည်း တံခါးပိတ် လေ့ကျင့်နေခြင်း မဟုတ်ပေ။ မဟာနတ္ထိဘုရားကျောင်း၏ ခုံယွမ်၊ ကောင်းကင်ဓားဂိုဏ်း၏ အရင်ဂိုဏ်းချုပ် လော့ရှင်းခုံနှင့် ယခင်အခေါက်တွင် ရွှေနန်းဥယျာဉ်တောင်ကို ကျဆုံးအောင် လုပ်ရာ၌ ကျရှုံးခဲ့သော ကွန်ဖြူးရှပ်ကျောင်း၏ ပညာရှင် ချန်းရှင်းတို့လည်း ကျင့်ကြံဆင့် မြင့်လိုမြင့်ငြား မျှော်လင့်ချက်ဖြင့် တံခါးပိတ် ကျင့်ကြံနေကြသည်။ သို့သော်လည်း မည်သူကမှ ကျင့်ကြံဆင့် တက်လှမ်းမည့် အရိပ်အယောင် မရှိသေးပေ။

စီးဝူယာ့က သူ့ဘာသာ တွေးလိုက်မိသည်။  ‘ တကယ်လို့ ရန်ပုဖင်းသာ ကျင့်ကြံဆင့် မြင့်သွားရင် သူ ဘာလုပ်မှာလဲ။ မိစ္ဆာဘုရားကျောင်းရဲ့ လွှမ်းမိုးမှုကို ချဲ့ထွင်မှာလား ဒါမှမဟုတ် မိစ္ဆာဝေဟင်မျှော်နန်းကို လက်စားချေမှာလား’

သူက ကျူးဟုန်ကုန်းဘက် လှည့်ကာ မေးလိုက်သည်။

“ လောင်ပါ့  … မင်းရော ဘယ်လိုထင်လဲ”

ကျူးဟုန်ကုန်းက ဖြစ်နိုင်ခြေအားလုံးကို တွေးတောလိုက်ပြီး “ ကျွန်တော် ထင်တာတော့ ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီးဆိုတာက ရှစ်စွင်းရဲ့ မဟာမိတ်များလားလို့ ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now