အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်

1.2K 200 0
                                    

အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်

ရှောင်ယွမ်အာကလည်း သူ့ကို မယုံကြည်တာသိသာ၏။

"သူနဲ့ပတ်သက်ပြီး တစ်ခုခုတော့အညှီနံ့ ရှိနေတယ်လို့ တပည့်ထင်မိတယ်”

လုကျိုးက လမ်းလျှောက်တာရပ်လိုက်၏။ လှေကားတစ်ဝက်၌ ရပ်တန့်လိုက်ပြီး ပြောလိုက်တော့သည်။

“ဘယ်လိုလဲ”

မင်ရှစ်ရင်က လုကျိုးကို အရိုအသေပေးပြီးနောက် ဝေ့ကျိုးယန်ဆီ လျှောက်သွားကာ ပြောလိုက်တော့သည်။

“ဝေ့ကျိုးယန် မင်းက သတ္တိရှိတာပဲ”

ဝေ့ကျိုးယန်က ဇဝေဇဝါဖြစ်နေသောလေသံဖြင့် ပြောလိုက်တော့သည်။

“စတုတ္ထသခင်လေး ဘာကို ဆိုလိုလဲဆိုတာ ကျုပ်သေချာမသိဘူး”

“ကောင်းပြီ။ လုံလောက်သွားပြီ။ မင်းရဲ့အကြံအစည်ကို ငါသိတယ်။ မင်းရဲ့အကြံအစည်က ပျင်းဖို့ကောင်းလွန်းပြီး ခန့်မှန်းရလွယ်တယ်” မင်ရှစ်ရင်က ခေါင်းခါလိုက်တော့၏။

“စတုတ္ထသခင်လေး ဘာပြောဖို့ ကြိုးစားနေလဲဆိုတာ ကျုပ်တကယ်နားမလည်ဘူး”

ဝေ့ကျိုးယန်၏ သည်းခံနိုင်မှုက မိစ္ဆာဝေဟင်မျှော်နန်း၏ မဟာခန်းမသို့ ရောက်လာသည့်အချိန်နှင့် ကွဲပြားနေတာ သိသာနေ၏။

“တပ်ဖွဲ့သုံးဖွဲ့ကို အမိန့်ပေးနေတဲ့စစ်သူကြီးတစ်ယောက် စစ်ရေးအာဏာကို ဆုပ်ကိုင်ထားနိုင်တဲ့သူ တစ်ယောက်က ဒီလာပြီး သူ့ရဲ့အပြစ်တွေကို သူ့သဘောနဲ့သူ ဝန်ခံမယ်တဲ့လား” မင်ရှစ်ရင်က ရယ်မောလိုက်သည်။

ဝေ့ကျိုးယန်က ခေါင်းခါပြီးသက်ပြင်းချလိုက်တော့၏။

“ကျုပ်ဒီရက်တွေမှာ အိပ်ဖို့စားဖို့ခက်ခဲနေတာ။ ဒီအကြောင်းကိုပဲ ဆက်တိုက်တွေးနေမိပြီး အရင်က အမြင်တွေကြောင့်ဝေဝါးခဲ့တယ်။ ကျုပ်ကို မရေမတွက်နိုင်တဲ့ညတွေ ဖြတ်သန်းစေခဲ့တာလေ။ ကျုပ်ရဲ့ကောင်းမွန်တဲ့ သဘာဝကို ဆန့်ကျင်ပြီး ဘာမှ မလုပ်နိုင်ဘူး။ ယွီလုံရွာရဲ့အဖြစ်အပျက်က ကျုပ်လုပ်ခဲ့တာ။ ကျုပ်တစ်ယောက်တည်း လုပ်ခဲ့တာ။ ကျုပ်လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲကို ကျုပ်တစ်ယောက်တည်းခံမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ကျုပ်ကိုသတ်လိုသတ်၊ ညှဉ်းပန်းလိုညှဉ်းပန်း ကြိုက်သလိုလုပ်လို့ရတယ်”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now