အခန်း (၁၉၁) နိဗာနခါးစည်း

1.3K 190 1
                                    

အခန်း (၁၉၁) နိဗာနခါးစည်း

ယဲ့ထျန်းရှင်းက သွေးအေးတတ်သူမျိုးဖြစ်သည်။ သူ့ဘဝနောက်သို့ ကာလရှည်ကြာလိုက်ခဲ့သော ညီအစ်မများ ဒူးထောက်နေတာကိုမြင်သည့်အချိန်၌ သူမက သက်ပြင်းသာချလိုက်၏။ ဘာမှမပြောခဲ့ပေ။ မြေပြင်ပေါ် ဒူးထောက်နေသော ညီအစ်မများကို အရိုအသေပေးပြီးနောက် တောင်ထဲမှ ထွက်သွားတော့သည်။ မင်ရှစ်ရင်က အမျိုးသမီးကျင့်ကြံသူများ စကားပြောနေသည်ကို မြင်သောအခါ သူက ကြားဖြတ်ပြောလိုက်၏။

"မင်းတို့တွေက တကယ်တုံးအတာပဲ။ ပြောသလိုလုပ်လေ”

အမျိုးသမီးကျင့်ကြံသူများက နေရာမှာတွင်ရပ်နေကြ၏။

ထိုစဉ်တောင်ပိုင်းမျှော်နန်း၏ ဝင်းထဲတွင်ဖြစ်သည်။

ဟွားဝူတောက်က သက်ပြင်းချပြီး ပြောလိုက်၏။

“အဲဒီကလေးက အမှန်တကယ်အပြစ်တွေ ဝန်ခံချင်နေတာ တကယ်နှမြောစရာပဲ”

မင်ရှစ်ရင်က အခွင့်အရေးကို အမိဖမ်းကာပြောလိုက်တော့၏။

“ရှစ်စွင်း လျို့ရှစ်မေ့ရဲ့ကျင့်ကြံဆင့်က ပြန်ကောင်းခါစပဲ။ ရှောင်ရှစ်မေ့ကို ကူညီတုန်းက တန်ပြန်ရိုက်ခတ်မှုတောင် ခံလိုက်ရသေးတာ။ အခုပုံစံအတိုင်း ရွှေနန်းဥယျာဉ်တောင်ထဲကနေ ထွက်သွားဖို့က သူ့အတွက် အန္တရာယ်များနေမှာစိုးရတယ်”

လုကျိုးက မင်ရှစ်ရင်ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။

“အဲဒါ သူ့ကံပဲ”

ကျူးဟုန်ကုန်းသည် တွမ့်မူရှမ်း၏ အင်္ကျီလက်စကို အသာဆွဲလိုက်ပြီး စကားဆက်မပြောရန် ချောင်းဟန့်လိုက်သည်။

တွမ့်မူရှန်းကနောက်သို့ ဖြည်းဖြည်းချင်းဆုတ်ပြီးဘေးထွက်နေလေ၏။

မင်ရှစ်ရင်ပြောသည့်အတိုင်း လက်ရှိယဲ့ထျန်းရှင်းက အားနည်းနေသေးသည်။ ပိုင်လူမျိုးဟူသော အထောက်အထားဖြင့် လက်ရှိမိစ္ဆာဝေဟင်မျှော်နန်းထဲမှ သူမ ထွက်သွားခဲ့လျှင် သူမကို သတ်ချင်ကြသည့် သူက များပြားပေလိမ့်မည်။ သို့သော် နှစ်များအားလုံးကုန်လွန်ပြီးနောက် သူမ၌ လှည့်ကွက်တစ်ခု နှစ်ခု ရှိမနေခဲ့လျှင် သူမက မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်တစ်ယောက် ဖြစ်ခဲ့တာ အချည်းနှီးသာ ဖြစ်ပေမည်။ နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာရှိသေးသော လောင်ပါ့ ကျူးဟုန်ကုန်းတောင် ကျားတောင်ရိုးထဲတွင် ခိုင်မာတဲ့နေရာတစ်ခုတည်ဆောက်နိုင်ခဲ့ပြီး  အချိန် အတော်ကြာအထိအခိုက် မရှိနေထိုင်နိုင်ခဲ့၏။ ဉာဏ်ထက်မြက်သော ယဲ့ထျန်းရှင်းအတွက် ပြဿနာကို ရှောင်တိမ်းနိုင်ဖို့အတွက် ဖြစ်ိနုင်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now