အခန်း (၉၈) အမှန်တရားလား

1.9K 259 2
                                    

အခန်း (၉၈)  အမှန်တရားလား

အရိုးများအရ မြေကွက်လပ်တွင် မြင်ခဲ့ရသည့် အရိုးများနှင့် အတော်လေး ကွဲပြားနေသည်။ သူတို့အများစုက သာမန်အရိုးများသာ ဖြစ်ကြ၏။

ယွီလုံရွာက ဖျက်ဆီးခံလိုက်ရပြီးလေပြီ။ ယခင်က ရွာပေါင်း ၃၅၄ ရွာ ရှိခဲ့သည်။ သူတို့အလောင်းအားလုံး ရှိနေလျှင်ပင် ဤမျှလောက် များမည် မဟုတ်ပေ။ ထို့အပြင် အလောင်းများကို ဆယ်နေသည်မှာ ဆယ်စုနှစ်တစ်ခုစာလောက် ရှိနေပြီး ယနေ့အထိ အားသွန်ခွန်စိုက် လုပ်နေဆဲ ဖြစ်သည်။ ရေစီးကြောင်းနှင့် မျောပါလာသော အကြွင်းအကျန် အရေအတွက်အရ မြစ်ထဲ၌ လူမည်မျှ သေဆုံးခဲ့သနည်း။ ပိုင်မျိုးနွယ်အပြင် အခြားလူများလည်း ပါဝင်နေသေး၏။

တင်းဖန်ချိုး၏ အမူအရာက လူသေများကို မြင်ရသည်မှာ ကျင့်သားရနေသည့်အလား မပြောင်းမလဲ ရှိနေသည်။ သူ သိုလှောင်ခန်းထဲ ဝင်လိုက်သည့်အခါ လက်မြှောက်၍ ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားလိုက်ပြီး သူ့တပည့်များကို အမိန့်ပေးလိုက်သည်။ 

“ ရှာကြစမ်း ”

“ နားလည်ပါပြီ ” တပည့်သုံးယောက်က သေတ္တာများကို စစ်ဆေးကြည့်လိုက်ကြသည်။

လုကျိုးက မြင်လိုက်ရသည့်အခါ သံသယပိုဝင်လာမိသည်။

‘သူတို့ ဘာရှာနေကြတာလဲ ’

သို့သော်လည်း လုကျိုးက မမေးခင် တင်းဖန်ချိုးက ရုတ်တရက် ပြောလိုက်သည်။ 

“ ဒါတွေက တခြားမျိုးနွယ်ရဲ့ အရိုးတွေလေ … ”

“ တခြားမျိုးနွယ်တွေလား ”

“ တာ့ယန်ကုန်းမြေမှာ တခြားမျိုးနွယ်တွေအတွက် နေရာမရှိဘူး … တာ့ယန်က နယ်မြေတွေကို အုပ်ချုပ်ပြီးတဲ့နောက်မှာ တခြားမျိုးနွယ်တွေက အမြဲတမ်း နှောင့်ယှက်ဖို့ စောင့်နေကြတာလေ။ ထျန်းကျန့်မြစ်လည်း သွေးစွန်းသွားရတယ်” တင်းဖန်ချိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

လုကျိုးက မေးလိုက်သည်။ 

“ အခြားမျိုးနွယ်ရဲ့ အကြွင်းအကျန်တွေလား ”

တင်းဖန်ချိုးက လုကျိုးအား ကြည့်ကာ လှောင်ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now